စမတ်ကတ်ထုတ်ပေးပြီး ကျုးကျော်များအတွက် တိုင်းအစိုးရ ဆက်လက်စီစဉ်ပေးမည်

စမတ်ကတ်ထုတ်ပေးပြီး ကျုးကျော်များအတွက် တိုင်းအစိုးရ ဆက်လက်စီစဉ်ပေးမည်

ရန်ကုန်၊ဇွန် ၁၆ ။           ။ အမှန်တကယ်နွမ်းပါးပြီး ကျုးကျော်စမတ်ကတ်ရရှိပြီးသူများအတွက် ရန်ကုန်တိုင်းအစိုးရအနေနှင့် ဆက်လက် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန် မြို့ပြနှင့်အိုးအိမ်ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောသည်။

"တကယ်ကိုအိမ်ခြေရာမရှိတဲ့သူ ၊ နောက်တစ်ခါသူတို့ရဲ့ဘဝအတွက်ကို ဘယ်လိုမှ ဖန်တီးနိုင်စွမ်း မရှိဘူးပေါ့နော်။ တကယ့်ကိုနွမ်းပါးပြီးမှ လာရောက်တဲ့သူတွေကို စမတ်ကတ်တွေထုတ်ပေးပြီးတော့မှ တစ်ခုခုကို ပြန်စီစဉ်ပေးဖို့ လုပ်နေတာပေါ့ ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့က" ဟု ရန်ကုန် မြို့ပြနှင့် အိုးအိမ် ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးဦးယုခိုင်က ဇွန်လ ၁၆ ရက်တွင် ပြောသည်။

တိုင်းအစိုးရအနေဖြင့် ကျုးကျော်စမတ်ကတ်ထုတ်ပေးရာတွင် အချက်နှစ်ချက်ဖြင့် ဆုံးဖြတ်ပြီး အမှန်တစ်ကယ် အိမ်ခြေနေရာထိုင်ခင်းမရှိသောသူများ၊ ဘဝအခြေအနေအရ မကျုးကျော်ချင်သော်လည်း ကျုးကျော်နေရသူများကို ကျူးကျော်စမတ်ကတ် ထုတ်ပေးမည်ဖြစ်သည်။

ကျုးကျော်စမတ်ကတ်ထုတ်ပေးနေသော်လည်း  တစ်ပြိုင်နက် နှစ်နေရာကျုးကျော်သူများ၊ အိမ်ရှိရက် နှင့်ကျုးကျော်သူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် (၅)မြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် (၂)မြို့နယ်၊ တောင်ပိုင်းခရိုင်တွင် (၃)မြို့နယ်၊ မြောက်ပိုင်းခရိုင်တွင် (၁၂)မြို့နယ် နှင့် တောင်ဒဂုံအပါအဝင် (၁၃)မြို့နယ် ကို ကျုးကျော်စာရင်းကောက်ခံခဲ့သည်။ လက်ရှိကောက်ခံပြီးစီးသည့် စာရင်းများအရ ဒဂုံမြို့သစ်တောင်ပိုင်းတွင် အိမ်ထောင်စု ၅ သောင်းကျော်ရှိနေပြီး (၁၃)မြို့နယ်စလုံး ကျုးကျော်အိမ်ထောင်စု ပေါင်း ၄သိန်းခန့် ရှိနေပြီ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်များနှင့် ပတ်သတ်၍ စာရင်းကောက်ခံရန် စာရင်းကောက်အဖွဲ့များ၊ နည်းပညာရှင်များ၊ World Vision အပါဝင်၊ NGO အဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသည်။ အဆိုပါ စာရင်းကောက်ခံမှုကို ရန်ကုန်တိုင်းဒေသကြီးဖွံဖြိုးရေးသုတေသန စီမံကိန်းအနေဖြင့် ရန်ကုန်မြို့ (၁၃)မြို့နယ်ကို ၂၀၁၆ စက်တင်ဘာလက စတင်ကောက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly