ချန်ပီယံဆုရယူပြီး ချန်ပီယံလိဂ်ပြန်လည်ဝင်ခွင့်ရရန်မှာ အဓိက ရည်မှန်းချက်ဟု ဇင်းနစ်နည်းပြသစ် မန်စီနီပြော

ချန်ပီယံဆုရယူပြီး ချန်ပီယံလိဂ်ပြန်လည်ဝင်ခွင့်ရရန်မှာ အဓိက ရည်မှန်းချက်ဟု ဇင်းနစ်နည်းပြသစ် မန်စီနီပြော

ဇွန် ၁၅၊ ရုရှား ။          ။ ရုရှားထိပ်သီးကလပ် ဇင်းနစ်အသင်းဟာ အင်တာမီလန်နဲ့မန်စီးတီးနည်းပြဟောင်း မန်စီနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

ဇင်းနစ်အသင်းဟာ မန်စီနီကို သုံးနှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အထူးဧည့်ခံဖျော်ဖြေပွဲနဲ့ သူတို့ရဲ့နည်းပြသစ်ကို ကြိုဆိုခဲ့ကြပါတယ်။ မန်စီနီက သူ့ရဲ့ အဓိက ရည်မှန်းချက်က ရုရှားပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိဖို့လို့ ပြောပါတယ်။

‘အသင်းဥက္ကဋ္ဌနဲ့ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က လာမယ့်ရာသီသစ်မှာ ရုရှားအမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရဖို့ပါ။ ဇင်းနစ်အသင်းရဲ့နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းပြီး အကောင်းဆုံးဆောင်ရွက်နိုင်မယ်ဆိုရင် အောင်မြင်မှုတွေ ပြန်လည်ရရှိလာမှာပါ’

ဇင်းနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရုရှားပရီးမီးယားလိဂ်မှာ အဆင့်သုံးနေရာသာ ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချောခဲ့ရပါတယ်။ ဒါကြောင့် ရိုမေးနီးယားလူမျိုးနည်းပြ လူဆက်စကူကို ရာထူးကထုတ်ပယ်ပြီး မန်စီနီကို အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

မန်စီနီအနေနဲ့ ဇင်းနစ်အသင်းဘက်က သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေပြည့်မြောက်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် နောက်ထပ် ၂ နှစ်သက်တမ်းတိုးမယ်ဆိုတဲ့ သဘောတူညီချက်လည်း စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားပါတယ်။

မန်စီနီဟာ အင်တာမီလန်အသင်းနဲ့အတူ ၂၀၀၆-၀၇ ရာသီနဲ့ ၂၀၀၇-၀၈ ရာသီတွေမှာ စီးရီးအေချန်ပီယံဆုကို နှစ်ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းအတွက် ၂၀၁၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ရည်ညွှန်း အေအက်ဖ်ပီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly