ပျက်ကျလေယာဉ်အား ရှာဖွေမှု အရှိန်မြှင့် လုပ်ဆောင်နေ

ပျက်ကျလေယာဉ်အား ရှာဖွေမှု အရှိန်မြှင့် လုပ်ဆောင်နေ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ ဇွန် ၁၃ ။            ။ လူတစ်ရာကျော်လိုက်ပါလိုက်သည့် ပျက်ကျလေယာဉ်အား ရှာဖွေနေမှုများကို ယနေ့တွင် အရှိန်တိုးမြင့် ဆောင်ရွက်လျက် ရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၁၃ ရက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နေရာတစ်ဝိုက်၌ လှိုင်းအမြင့် ၁ မီတာနှင့် လေတိုက်နှုန်း ၁ နာရီ တွင် ၅ မိုင်နှင့် ၁၀ မိုင်အကြားသာ ရှိသောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဇွန်လ ၁၂ ရက်အထိ ထုတ်ပြန်ထားသောစာရင်းများအရ တပ်မတော်သားအရာရှိ ရုပ်အလောင်း ၄ လောင်းနှင့် စစ်သည်ရုပ်အလောင်း ၉ လောင်းအပါအဝင် အမျိုးသားရုပ်အလောင်း ၁၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၁၆ လောင်း၊ ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်းရုပ်အလောင်း ၃၅ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ သြင်္ဂိုလ်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ယနေ့ ဇွန် ၁၃ ရက်နေ့အထိ ထုတ်ပြန်ထားသောစာရင်းများအရ ပျက်ကျလေယာဉ်မှ စုစုပေါင်းရုပ်အလောင်း ၈၆ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly