တရုတ်၏ One China မူဝါဒကိုလက်ခံပြီး ထိုင်ဝမ်နှင့်သံတမန်အဆက်အသွယ် ပနားမား ဖြတ်တောက်

တရုတ်၏ One China မူဝါဒကိုလက်ခံပြီး ထိုင်ဝမ်နှင့်သံတမန်အဆက်အသွယ် ပနားမား ဖြတ်တောက်

ဇွန် ၁၃ ။          ။ တရုတ်အစိုးရ၏ One China မူဝါဒကို လိုက်နာသောအားဖြင့် ထိုင်ဝမ်နှင့်အကြားရှိခဲ့သည့် သံတမန်ဆက်သွယ်မှုကို ပနားမားအစိုးရက ဖြတ်တောက်လိုက်ပြီဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်ကို တရုတ်နှင့် ပနားမား အစိုးရနှစ်ရပ်စလုံးက ပူးတွဲထုတ်ပြန်ကြေညာသွားခဲ့သည်။

" နှစ်နိုင်ငံစလုံးက ပြည်သူတွေရဲ့ သဘောဆန္ဒ၊ အကျိုးအမြတ်တွေကို ရှေးရှုပြီးတော့ ပနားမားနဲ့ တရုတ်အစိုးရတို့အနေနဲ့ ဒီထုတ်ပြန်ချက်လက်မှတ်ထိုးနေ့ကစလို့ နှစ်ဘက်အကြား သံတမန်အဆင့် အဆက်အသွယ် ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ" ဟု ယင်းကြေညာချက်တွင် ပါရှိသည်။

ဆယ်စုနှစ်ပေါင်းများစွာကြာ ထိုင်ဝမ်နှင့် ဆက်သွယ်မှုများရှိခဲ့ပြီးနောက် ယခုအခါ ပနားမားအစိုးရအနေဖြင့် ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်း ရှိသည်ဆိုသည့် အချက်နှင့် ထိုင်ဝမ်ဟာ တရုတ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်ဆိုသည့်အချက်တို့ကို အသိအမှတ်ပြုလက်ခံလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သွားသည်။

ပနားမားနှင့် ပေကျင်းအစိုးရတို့အကြား ဆက်ဆံရေးအသစ်ကို ဇွန်လ ၁၂ ရက်က စတင်ခဲ့ပြီဖြစ်ကာ ထိုင်ဝမ်နှင့်အကြား ယခင်ဆက်ဆံမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပနားမားမြောက်ပိုင်း ကိုလွန်ဒေသတွင် တရုတ်တို့က ကွန်တိန်နာဆိပ်ကမ်းတစ်ခု စတင်တည်ဆောက်ခဲ့ပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags