ဖိလစ်ပိုင်တွင် လွတ်လပ်ရေးနေ့ကျင်းပစဉ် စုရုံးဆန္ဒပြမှုများ ဖြစ်

ဖိလစ်ပိုင်တွင် လွတ်လပ်ရေးနေ့ကျင်းပစဉ် စုရုံးဆန္ဒပြမှုများ ဖြစ်

မနီလာ၊ ဇွန် ၁၃ ။                   ။ ဖိလစ်ပိုင်နိုင်ငံတွင် ဇွန် ၁၂ ရက်က ကျရောက်သည့် ၁၁၉ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပစဉ် တက်ကြွလှုပ်ရှားသူများက တောင်ပိုင်းကျွန်း မန်ဒါနာအိုတွင် စစ်အုပ်ရေးပြဌာန်းခြင်းအပါအဝင် အရေးကိစ္စတစ်ချို့ကို ဆန့်ကျင်ကာ လမ်းများပေါ်၌ စုရုံးဆန္ဒပြကြသည်။

လွတ်လပ်ရေးနေ့အခမ်းအနားကို မနီလာရှိ လူနီတာပန်းခြံ၌ ဒုတိယသမ္မတ လီနီရိုဘရီဒိုနှင့် နိုင်ငံခြားရေးဝန်ကြီး ပီတာကာယက်တာနိုတို့ ဦးဆောင်ကာ ၁၈၉၈ ခုနှစ်က စပိန်လက်အောက်မှ လွတ်လပ်ရေးနေ့ ကြေညာခဲ့သည့် အထိမ်းအမှတ်အဖြစ် ပန်းခွေချခြင်း အခမ်းအနားပွဲသို့ ရာပေါင်းများစွာပြည်သူများ ပါဝင်တက်ရောက်ကြသည်။

သို့သော် အခြားသောတစ်နေရာတွင် တက်ကြွလှုပ်ရှားသူ တစ်ရာနီးပါးက တရုတ်ကောင်စစ်ဝန်ရုံးသို့ ချီတက်ကာ လွတ်လပ်ရေးနေ့ကို ဆန္ဒပြမှုဖြင့် ကျင်းပခဲ့သည်။

ဆန္ဒပြသူများက တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်မှ တရုတ်၏ စစ်ရေးတည်ဆောက်မှုများ ရုတ်သိမ်းသွားရေး တောင်းဆိုကာ "ရေပိုင်နက်က တရုတ်တွေ ထွက်သွား"စသည့် ကြွေးကြော်ဆိုင်းဘုတ်များကို ကိုင်ဆောင်ဝှေ့ယမ်းကြသည်။

ဆန္ဒပြမှုများကို စစ်ရေးလိုလားသောလက်ဝဲစွန်းအုပ်စု Bryan အဖွဲ့က စီစဉ်ခြင်းဖြစ်ကာ တရုတ်ကောင်စစ်ဝန်ရုံးမှနေ၍ အမေရိကန်သံရုံးသို့ ချီတက်ကြသည်။

 မန်ဒါနာအိုကျွန်း မာရာဝီမြို့တွင် အစ္စလာမ္မစ်အစွန်းရောက်များအား ချေမှုန်းတိုက်ခိုက်ရာတွင် ပြည်ပမှဝင်ရောက်စွက်ဖက်နေခြင်းအား ၎င်းတို့က ကန့်ကွက်ရှုတ်ချကြသည်။

မာရာဝီရှိ အစွန်းရောက်နှိမ်နင်းရေး ဖိလစ်ပိုင်တပ်များ၏ ထိုးစစ်တွင် အမေရိကန်က စစ်ရေးအကူအညီပေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly