တေလာဆွစ်နှင့် သူမ၏ကြားတွင်ရှိသော အာဃာတများကို အဆုံးသတ်ရန် ကေတီပယ်ရီလိုလား

တေလာဆွစ်နှင့် သူမ၏ကြားတွင်ရှိသော အာဃာတများကို အဆုံးသတ်ရန် ကေတီပယ်ရီလိုလား

ကေတီပယ်ရီသည် သူမ၏ပေါ့ပ်ဂီတပြိုင်ဘက်ဖြစ်သော တေလာဆွစ်နှင့် သူမ၏ကြားရှိ အာဃာတများကို အဆုံးသတ်ရန် လိုလားနေပြီး တေလာဆွစ်သည် အလွန်တော်သော   တေးရေးတစ်ယောက်ဖြစ်ကြောင်းနှင့် သူမတို့နှစ်ဦးစလုံးသည် ဂီတလောကထဲမှ ထက်မြတ်သောအမျိုးသမီးများဖြစ်သည်ဟု သူမထင်မြင်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း အသက် ၂၇နှစ်အရွယ်ရှိ တေလာဆွစ်သည် ပေါ့ပ်ဂီတလောကထဲမှ နာမည်အကြီးဆုံး အဆိုတော် ၂ဦးဖြစ်သော သူမတို့ကြားမှ အာဃာတများကို အဆုံးသတ်မည့် အဆိုပါ ငြိမ်းချမ်းရေးစကားကို တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

“ကျွန်မ ဒီကိစ္စကို မေ့ဖျောက်ပစ်ပို့ အဆင်သင့်ပါပဲ” ဟု ပယ်ရီက သူမ၏ အယ်လ်ဘမ်အသစ် Witness ကို ကြော်ငြာသည့် စနေနေ့က ပြုလုပ်ခဲ့သော အစီအစဉ်တစ်ခု၌ ပြောကြားခဲ့သည်။

“ကျွန်မ သူမကို ခွင့်လွှတ်ပါတယ်။ ပြီးတော့ ကျွန်မလုပ်ခဲ့သမျှအတွက်လည်း စိတ်မကောင်းပါဘူး။ သူမဆီကလည်း ဒီလိုကြားရမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မ သူမကိုချစ်ပါတယ်။ သူမအတွက်လည်း အကောင်းဆုံးတွေရရှိ ပါစေလို့ ဆုတောင်းပါတယ်။ ပြီးတော့ သူမဟာ အလွန်တော်တဲ့ တေးရေးတစ်ယောက်ဖြစ်တယ်လို့ ကျွန်မထင်ပါ တယ်” ဟု အသက် ၃၂နှစ်အရွယ်ရှိ ပယ်ရီက ဖြည့်စွက်ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၀၁၄ခုနှစ်တွင် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်ခဲ့သော "1989" အခွေကို ဖြန့်ချီပြီး ကတည်းက မည်သည့်အခွေမှ မထွက်ရသေးသော တေလာဆွစ်သည် သူမ၏ လူမှုမီဒီယာအကောင့်များတွင်လည်း နှုတ်ဆိတ်လျက်ရှိနေပြီး ယခုလို ငြိမ်းချမ်းရေးစကားအတွက်လည်း မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly