နေပြည်တော်၊ ဒက္ခိဏစျေးအနီး ယာဉ်တိုက်မှုတွင် လူနှစ်ဦးသေဆုံး

နေပြည်တော်၊ ဒက္ခိဏစျေးအနီး ယာဉ်တိုက်မှုတွင် လူနှစ်ဦးသေဆုံး
 ဓာတ်ပုံ- MOI

ဇွန် ၁၂ ။          ။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးအနီးတွင် ဇွန်လ ၁၂ ရက်နေ့ နံနက်(၇) နာရီ(၅၀)မိနစ်ခန့်က မန္တလာမင်း ခရီးသည်တင်ယာဉ်နှင့် အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တစ်စင်းတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက် မိုးသောက်ပန်းလမ်းအတိုင်း ရွှေအင်ကြင်း ရပ်ကွက်ဘက်မှ ဒက္ခိဏသီရိ ဘက်သို့ ယာဉ်မောင်း ဆန်းထွန်းအောင် မောင်းနှင်လာသည့် 6M/-------- မန္တလာမင်း Express ခရီးသည်တင်ယာဉ်နှင့် အာသာဝတီလမ်းအတိုင်း ရှမ်းလေး(ခ) လွင်မျိုးဟိန်း(၂၆)နှစ် (ဘ)ဦးချစ်ဦး သီရိမင်္ဂလာကျေးရွာ၊ ရွှေခဲအင်းအုပ်စု ဒက္ခိဏသီရိမြို့နယ်နေသူ မောင်းနှင်လာသည့် 7H/-------- ဖောကားအပြာရောင်ယာဉ်တို့သည် အာသာဝတီလမ်းနှင့် မိုးသောက်ပန်းလမ်း လမ်းဆုံတွင်တိုက်မိခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ဖောကားအပြာရောင်ယာဉ်ပေါ်တွင်ပါရှိသူ ကျား(၁)ဦးနှင့် မ(၁)ဦးတို့မှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဖောကားအပြာရောင်ယာဉ်ပေါ်တွင်ပါရှိခဲ့သည့် သီရိမင်္ဂလာကျေးရွာမှ ပန်းရံလုပ်ကိုင်သူ အလုပ်သမား ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ နှင့်လယ်ဝေးမြို့နယ် ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly