မန်ယူအသင်း၏ ပစ်မှတ် တိုက်စစ်မှူးပါရီဆစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၄)သန်းရရှိရန် အင်တာမီလန်အသင်း ဆန္ဒရှိ

မန်ယူအသင်း၏ ပစ်မှတ် တိုက်စစ်မှူးပါရီဆစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၄)သန်းရရှိရန် အင်တာမီလန်အသင်း ဆန္ဒရှိ

ဇွန် ၁၁၊ မီလန် ။            ။ အင်တာမီလန်သည် မန်ယူအသင်းမှခေါ်ယူရန် ပစ်မှတ်ထားနေသော တိုက်စစ်မှူးပါရီဆစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၄)သန်းရရှိရန်ဆန္ဒရှိနေကြောင်း အီတလီမှ လာသောသတင်းများအရ သိရှိရသည်။

ပြီးခဲ့သော မေလက မန်ယူအသင်းတာဝန်ရှိသူများသည် ပါရီဆစ်ကို ခေါ်ယူရန်နှင့် ပတ်သက်၍ အင်တာမီလန်အသင်းနှင့် ဆွေးနွေးခဲ့ပြီး ကနဦးပေါင်(၃၆)သန်းဖြင့် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း စီရီးအေကလပ်အသင်း အင်တာမီလန်အသင်းသည် ပါရီဆစ်အတွက် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။

ထို့အပြင် ပါရီဆစ်အတွက် ပြောင်းရွှေ့ကြေးပေါင်(၄၄)သန်းဖြင့် ကမ်းလှမ်းမှုမရရှိပါက အင်တာမီလန်နည်းပြသစ် စပယ်လက်တီအနေဖြင့် ၎င်းကို အသင်း၌ ဆက်ထိန်းသွားမည် ဖြစ်သည်။

ပါရီဆစ်သည် ၂၀၁၅ ခုနှစ်ကဝုဖ်ဘတ်အသင်းမှ အင်တာမီလန်သို့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် (၁၀)ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးရရန်(၆)ကြိမ်ဖန်တီးနိုင်ခဲ့သည်။

 တိုက်စစ်မှူး ပါရီဆစ်၏ အင်တာမီလန်အသင်းနှင့် လက်ရှိစာချုပ်သက်တမ်းမှာ (၃)နှစ်ကျန်ရှိနေသေးသည်။ ဆက်စပ်သတင်းများအရ မန်ယူအသင်းသည် ရီးယဲလ်တိုက်စစ်မှူးမိုရာတာကို ခေါ်ယူနိုင်မည်ဟု ယုံကြည်နေပြီး ရီးယဲလ်နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရှိရသည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly