နိုတရီဒမ်းဘုရားကျောင်း၌ ရန်ပြုတိုက်ခိုက်ခဲ့သူအမျိုးသားကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ထား

နိုတရီဒမ်းဘုရားကျောင်း၌ ရန်ပြုတိုက်ခိုက်ခဲ့သူအမျိုးသားကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ထား

 ဇွန် ၁၁ ။            ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ နိုတရီဒမ်းဘုရားကျောင်းအပြင်ဘက်တွင် တူတစ်ချောင်းဖြင့် ရဲတစ်ဦးအား ရန်ပြု တိုက်ခိုက်ခဲ့သည့် အယ်လ်ဂျီးရီးယားအမျိုးသားသည် ဂျီဟတ်ဝါဒီ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့၏ ဝါဒီဖြန့် ချီမှုမှိုင်းကို နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားနေသည့် တစ်ကိုယ်ရေသမားတစ်ဦးဖြစ်ကြောင်း အစိုးရရှေ့နေများက စနေနေ့တွင် ပြောခဲ့သည်။

အသက် ၄၀အရွယ်ရှိ ဖာရစ်အိုင်ဟု အမည်ရသော ပါရဂူဘွဲ့ယူတော့မည့် အဆိုပါအမျိုးသားသည် ပြီးခဲ့သော အင်္ဂါနေ့က ဘုရားကျောင်းအပြင်ဘက်တွင် ရန်ပြုတိုက်ခိုက်မှု ကျူးလွန်ခဲ့သောကြောင့် အခြားရဲတစ်ဦးက သူ့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။ သူသည် သေနတ်ဒဏ်ရာမရရှိမီအချိန်၌ “ဒါဟာ ဆီးရီးယားအတွက်ပဲဖြစ်တယ်” ဟု အော်ဟစ်ခဲ့ကြောင်း ရဲကပြောခဲ့သည်။

ယင်းသို့ ရန်ပြုတိုက်ခိုက်မှုကြောင့် ခရီးသွားဧည့်သည် အများအပြားလာရောက်သည့် အဆိုပါနေရာ၌ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

ပြစ်သစ်အစိုးရရှေ့နေ ဖရန်ဆွာမိုလင်က တိုက်ခိုက်မှုကျူးလွန်သူသည် ပညာတတ်တစ်ဦးဖြစ်ပြီး သူ၏ တိုက်ခန်း၌ လက်တော့ပ်တစ်လုံးနှင့် USB ၄ခုကို ရှာဖွေ့တွေ့ရှိခဲ့ကာ ထိုထဲ၌ IS အဖွဲ့မှ ရေးသားပြုစုထားသည့် အထီးကျန်ဝံပုလွေများဟု အမည်ရသော စာအုပ်ကို ရှာတွေ့ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

စုံစမ်းစစ်ဆေးသူများသည် ပြီးခဲ့သောအပတ်က လူ ၈ဦးသေဆုံးခဲ့သည့် လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှု ဓာတ်ပုံ များနှင့် ပဲရစ်မြို့၊ ဘရက်ဆဲလ်မြို့တွင် ကျူးလွန်ခဲ့သော တိုက်ခိုက်မှုအား မှတ်တမ်းတင်ထားသည့် ဗီဒီယိုများကို လည်း ရှာတွေ့ခဲ့ကြသည်။

“သူဟာ ယခင်က ပြစ်မှုကျူးလွန်ခဲ့ခြင်း တစ်ခါမှမရှိဖူးပါဘူး။ သူ့ကိုလည်း ထောက်လှမ်းရေးတပ်ဖွဲ့များက မသိ သလို အီရတ်သို့မဟုတ် ဆီးရီးယားမှ လူများနှင့်လည်း အဆက်အသွယ်ရှိတဲ့ လက္ခဏာများ မတွေ့ရပါဘူး” ဟု မိုလင်က ပြောခဲ့သည်။

အဆိုပါရန်ပြုတိုက်ခိုက်သူကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ထားပြီး လောလောဆယ်တွင် ခြေထောက်၌ ရရှိခဲ့ သော သေနတ်ဒဏ်ရာကို ဆေးရုံ၌ ကုသပေးနေကာ ထို့နောက်တွင် ထောင်ဒဏ်အပြစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly