ဖိလစ်ပိုင်ရှိ အစ္စလာမ်မစ်စစ်သွေးကြွများအား ချေမှုန်းတိုက်ပွဲများတွင် အမေရိကန် စစ်ကူ

ဖိလစ်ပိုင်ရှိ အစ္စလာမ်မစ်စစ်သွေးကြွများအား ချေမှုန်းတိုက်ပွဲများတွင် အမေရိကန် စစ်ကူ

မနီလာ၊ ဇွန် ၁၀ ။              ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက အစ္စလာမ်မစ်စစ်သွေးကြွများအား ချေမှုန်းစစ်ပွဲများတွင် အမေရိကန် အထူးတပ်ဖွဲ့များ စစ်ကူပံ့ပိုးလျက်ရှိနေကြောင်း အမေရိကန်သံရုံးက ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သည်။

တိုက်ပွဲသစ်ဖြစ်ပွားမှုအတွင်း ဖိလစ်ပိုင် မရိန်းတပ်သား ၁၃ ဦးကျဆုံးချိန် အမေရိကန်က စစ်အကူအညီများ ပံ့ပိုးပေးလာခြင်းဖြစ်သည်။

မေ ၂၃ ရက်က စကာ အိုင်အက်စ် အနက်ရောင်အလံ လွှင့်ထူထားသည့် တိုက်ခိုက်ရေးသမားများက မာရာဝီနယ်မြေတစ်ဝန်း စီးနင်းထားခဲ့ခြင်းဖြစ်ရာ ဖိလစ်ပိုင်တပ်ဖွဲ့များက ယခုအထိ ယင်းစစ်သွေးကြွ ရာကျော်အင်အားနှင့် တိုက်ခိုက်နေရဆဲဖြစ်သည်။

အစ္စလာမ်မစ်အစွန်းရောက်များက ပြည်သူများအား လူသားဒိုင်းများအဖြစ် အကာအကွယ်ထားခြင်း၊ ဗုံးကတုတ်ကျင်းများနှင့် တင့်ကားဖျက်လက်နက်များဖြင့် ခုခံနေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေသည်။

ဇွန် ၉ ရက်တွင် တစ်လမ်းဝင် တစ်လမ်းထွက် တိုက်ပွဲများ ပြင်းထန်ရာ စစ်သား ၁၃ ဦးကျဆုံးခဲ့ရ၍ တိုက်ပွဲအတွင်း သေဆုံးသူ ဆိုးဆိုးဝါးဝါး ထိုးတက်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြောခွင့်ရသူက ဆိုသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်လာချိန်တွင် အမေရိကန်စစ်တပ်က ဖိလစ်ပိုင်တပ်များအား အကူအညီများ ထောက်ပံ့ပေးလျက်ရှိနေသည်ဟု မနီလာရှိ ဖိလစ်ပိုင်သံရုံးက ထုတ်ပြန်သော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် အသေးစိတ်ပြောကြားခြင်း မရှိပေ။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly