လေယာဉ်ပျက်ကျမှုတွင် ပါ၀င်ခဲ့သည့် တပ်မတော်သား ၁ ဦး ရုပ်အလောင်း မီးသင်္ဂြိုလ်

လေယာဉ်ပျက်ကျမှုတွင် ပါ၀င်ခဲ့သည့် တပ်မတော်သား ၁ ဦး ရုပ်အလောင်း မီးသင်္ဂြိုလ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ ဇွန် ၁၀ ။              ။ ဇွန် ၇ ရက်တွင် ပျက်ကျသွားသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်နှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၁၀ ရက်အထိ ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်း ၃၃ လောင်းအနက် တပ်မတော်သား ၁ ဦး၏ရုပ်အလောင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ၊ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်လာအတိုင်း သြင်္ဂိုလ်ပေးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ယမန်နေ့ ဇွန်လ ၉ရက်က မွန်းလွဲ ၂ နာရီတွင် သက်ဆိုင်ရာ မိသားစုများရောက်ရှိခဲ့သည့် ရုပ်အမည် အတည်ပြုပြီးသော ရုပ်အလောင်း ၁၀ လောင်းကို ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ သံဝေဂလမ်းသချိၤုင်း၌ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ မီးသဂြိၤုဟ်ပြီးစီးခဲ့ပြီး ဖြစ်သည်။

စုစုပေါင်း လူ ၁၂၂ ဦးလိုက်ပါလာသော မြိတ်မှ ရန်ကုန်ခရီးစဉ်ထွက်ခွာလာသော တပ်မတော်လေယာဉ်သည် ဇွန်လ ၇ ရက်က ပျက်ကျခဲ့ပြီး  ဇွန်လ ၈ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၃၁ လောင်း၊ ဇွန်လ ၉ ရက်ညနေပိုင်းတွင် ရုပ်အလောင်း ၁ လောင်း၊ ဇွန်လ ၁၀ ရက်တွင် ရုပ်အလောင်း ၁ လောင်း အား ဆယ်ယူရရှိခဲ့သည်။

ယနေ့ ဇွန်လ ၁၀ ရက်တွင် ဆက်လက်ရှာဖွေနေပြီး ပင်လယ်ပြင်၌ လေတိုက်နှုန်း ၁ နာရီ ၁၅ မိုင်မှ မိုင် ၂၀ အတွင်း တိုက်ခတ်လျက်ရှိပြီး ရာသီဥတုအခြေအနေမှာလည်း ဆိုးရွားလျက်ရှိသော်လည်း စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများမှ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly