ဘရာဇီးသမ္မတကို ခြစားမှုဖြင့် ဖြုတ်ချမည့်ကိစ္စ ရွေးကောက်ပွဲခုံရုံး သဘောမတူ

ဘရာဇီးသမ္မတကို ခြစားမှုဖြင့် ဖြုတ်ချမည့်ကိစ္စ ရွေးကောက်ပွဲခုံရုံး သဘောမတူ

ဇွန် ၁၀ ။        ။ ခြစားမှု မကောင်းသတင်းများ ထွက်နေသည့် ဘရာဇီးသမ္မတ မိုက်ကယ် တီးမားကို လက်ရှိအခြေအနေများအရ ရာထူးမှ ဖြုတ်ချခွင့်မရှိကြောင်း ဖွဲ့စည်းပုံ တရားရုံးက ဇွန်လ ၉ ရက်တွင် မဲခွဲဆုံးဖြတ်ပေးလိုက်သည်။

သမ္မတ တီးမားအနေဖြင့် ခြစားမှုတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ထားခဲ့သည့်အတွက်ကြောင့် ရာထူးမှ ဖြုတ်ချရေး ကြားနာဆုံးဖြတ်ပေးပါရန် ဖွဲ့စည်းပုံခုံရုံးသို့ တင်ပြတိုင်တန်းထားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ၎င်းအား ရာထူးမှ ဖြုတ်ချ၍ မရနိုင်ကြောင်း ခုံရုံးက ဆုံးဖြတ်ပေးလိုက်ရာ ယင်းဆုံးဖြတ်ချက်ကြောင့်လည်း အဂတိလိုက်စားမှု စွဲချက်များဖြင့် လုံးပန်းနေရသည့် သမ္မတ တီးမားဘက်ကို အရေးသာစေခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်ထားခဲ့မှုကြောင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတုန်းက တီးမား ရရှိထားသည့် မဲရလဒ်များကို ပြန်လည်ပယ်ဖျက်သင့်ကြောင်း စွဲချက်များကို ဖွဲ့စည်းပုံ ခုံရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်။

ယခုကိစ္စသည် ဘရာဇီးနိုင်ငံအတွက် ၁၄ လတာအတွင်း ဒုတိယမြောက် ခေါင်းဆောင်ပိုင်း အကျပ်အတည်းဖြစ်စဉ်တစ်ခု ဖြစ်ပြီး တီးမား၏ မတိုင်ခင် သမ္မတဟောင်း ဒီလ်မာ ရူးဆက်ဖ်တုန်းကလည်း အထက်ပါကဲ့သို့ ခြစားမှုဖြင့်ပဲ စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ရာထူးကနေပါ ထွက်ခွာပေးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly