BIGBANG အဖွဲ့ဝင် T.O.P၏ ဆေးသုံးမှုနှင့်ပတ်သက်၍ အမှုရင်ဆိုင်လာရမှုအပေါ် သူ၏အေဂျင်စီမှ တောင်းပန်

BIGBANG အဖွဲ့ဝင် T.O.P၏ ဆေးသုံးမှုနှင့်ပတ်သက်၍ အမှုရင်ဆိုင်လာရမှုအပေါ် သူ၏အေဂျင်စီမှ တောင်းပန်

ဇွန်လ ၈ ရက်နေ့တွင် BIGBANG အဖွဲ့ဝင် T.O.P ၏ ဆေးသုံးစွဲမှုနှင့်ပတ်သက်၍ သတင်းထွက်ပေါ်လာမှုများ အတွက် BIGBANG ၏ အေဂျင်စီဖြစ်သည့် YG Entertainment မှ တရားဝင်တောင်းပန်စာ ထုတ်ပြန်ခဲ့သည်။

“T.O.P နဲ့ပက်သတ်တဲ့ လတ်တလော ရှက်စရာ သတင်းဆိုးတွေနဲ့ ပတ်သတ်ပြီး ပရိသတ်များကို စိတ်ပျက်စေခဲ့တဲ့အတွက် ကျနော်တို့ အနူးအညွတ်တောင်းပန်ပါတယ်။” ဟု အေဂျင်စီမှ ပြောကြားခဲ့သည်။

အေဂျင်စီမှ T.O.P ၏ လတ်တလော ကျန်းမာရေးအခြေအနေများကိုလည်း တင်ပြခဲ့သည်။

“ဆေးရုံက တင်ပြထားပြီးသား အတိုင်းပါပဲ၊ T.O.P ကို သူ့အခန်းထဲမှာ သတိမေ့မျောနေတာကို ရှာတွေ့ခဲ့ပြီး ဆေးရုံသို့ ပို့ပေးခဲ့ရပါတယ်။ အခုဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတာ ၃ရက်ရှိပါပြီ။ အမြန်ဆုံး နေပြန်ကောင်း လာဖို့ကျနော်တို့တွေ ဆုတောင်းနေပါတယ်။ နောက်နောင်များမှာလည်း ယခုလို အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရအောင် ကြိုးစားသွားပါမယ်” ဟု ယင်းအေဂျင်စီမှ ပြောကြားခဲ့သည်။

T.O.P သည် ယခုထက်တိုင် နိုးထလာခြင်း မရှိသေးသော်ငြားလည်း အသက်အန္တရာယ်စိုးရိမ်ရမှုတော့ မရှိတော့ကြောင်း ဆေးရုံမှပြောကြားခဲ့သည်။

T.O.P ၏ဆေးမှုအတွက် ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုကို ဇွန်လ ၂၉ရက်နေ့ နံနက် ၁၁နာရီခွဲတွင် ဆိုးလ်ခရိုင်တရားရုံး၌ ပြုလုပ်သွားမည်ဖြစ်သည်။ တရားရင်ဆိုင်သည့်နေ့တွင် T.O.P ကိုယ်တိုင်တက်ရောက်ရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly