နီပေါဝန်ကြီးချုပ်အဖြစ် ရှာဗဟာဒူးဒိုဘာအား တင်မြှောက်

နီပေါဝန်ကြီးချုပ်အဖြစ် ရှာဗဟာဒူးဒိုဘာအား တင်မြှောက်

ခတ္တမန္တူ၊ ဇွန် ၇ ။              ။ နီပေါနိုင်ငံ၏ ၄၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် နီပေါကွန်ဂရက်ပါတီ NC ခေါင်းဆောင်အကြီးအကဲ ရှာဗဟာဒူးဒိုဘာက တင်မြှောက်ခံရသည်။

ပြီးခဲ့သည့်လက ရာထူးအနားယူခဲ့သည့် ကွန်မြူနစ်ပါတီမှ ကာမယ်ဒါဟယ်ထံမှ ဝန်ကြီးချုပ်တာဝန်လွှဲပြောင်းခြင်းကို လွှတ်တော်က သဘောတူပြီး နောက်တစ်နေ့တွင် တင်မြှောက်ခြင်းဖြစ်သည်။
 
ဗဟာဒူးသည် ဝန်ကြီးချုပ်ရာထူးအား ၁၉၉၆ မှ ၂၀၀၅ ခုနှစ်အတွင်း သုံးကြိမ်သုံးခါ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ဗဟာဒူးက သမ္မတနန်းတော်တွင် သမ္မတ ဘီဒါယာဒီဗီဘဟန်ဒါရီ ရှေ့မှောက်၌ ကျမ်းသစ္စာဆိုခဲ့သည်။

အဆိုပါကျမ်းသစ္စာဆိုပွဲတွင် ဒုတိယဝန်ကြီးချုပ်သုံးဦးတို့လည်း အသီးသီးကျမ်းသစ္စာဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly