အိုင်အက်စ်တို့ ထိန်းချုပ်ထားခဲ့သည့် အလက်ပိုဒေသ အချက်အချာမြို့ကို ဆီးရီးယားစစ်တပ် ပြန်သိမ်း

အိုင်အက်စ်တို့ ထိန်းချုပ်ထားခဲ့သည့် အလက်ပိုဒေသ အချက်အချာမြို့ကို ဆီးရီးယားစစ်တပ် ပြန်သိမ်း

ဇွန် ၆ ။                         ။ ဆီးရီးယားနိုင်ငံ အလက်ပိုဒေသ အရှေ့ခြမ်းက အစ္စလမ္မစ်အကြမ်းဖက်အုပ်စုလက်တွင်းကျရောက်နေခဲ့တဲ့အချက်အချာမြို့ မက်စ်ကာနာကို ယခုအခါ အစိုးရစစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါတော့ အကြမ်းဖက်သမားတွေကိုတော့ ယင်းဒေသတွင်းကနေ အလုံးစုံ မောင်းထုတ်နိုင်ဖို့ ပိုမိုနီးကပ်လာပြီ ဖြစ်တယ်လို့ စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ယခုဇန်နဝါရီ လလယ်ပိုင်းလောက်က ရုရှကျောထောက်နောက်ခံပြုထားတဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပြီး ယခုလို အချက်အချာမြို့ မက်စ်ကာနာ မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

" တပ်ဖွဲ့ဝင်တွေ ခုဆိုရင် အလက်ပိုဒေသ အရှေ့ခြမ်းကို ဆက်ပြီး ချီတက်နေပါပြီ၊ အကြမ်းဖက်သမားတွေနောက်ကို ခြေရာခံလိုက်တိုက်နေပါပြီ" လို့ ဆီးရီးယားစစ်တပ် တာဝန်ရှိသူတစ်ဦးရဲ့   ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြထားပါတယ်။

မက်စ်ကာနာမြို့ကတော့ ဆီးရီးယားစစ်တပ် အတွက် အဓိကကျတဲ့ မြို့တစ်မြို့ဖြစ်ပြီး မကြာခင် အမေရိကန်ထောက်ပံ့ထားတဲ့ တပ်တွေရောက်လာတော့မယ်လို့ယူဆရတဲ့ ရာချာမြို့နဲ့လည်း ၁၅ ကီလိုမီတာအကွာမှာ တည်ရှိနေတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags