ခြေကျင်းဝတ်ခွဲစိတ်ပြီးနောက် ဟာဇက် သုံးလနားရမည်ဟု ချယ်လ်ဆီးအတည်ပြု

ခြေကျင်းဝတ်ခွဲစိတ်ပြီးနောက် ဟာဇက် သုံးလနားရမည်ဟု ချယ်လ်ဆီးအတည်ပြု

ဇွန် ၆၊ လန်ဒန်။            ။ ကွင်းလယ်ကစားသမားဖြစ်သူ ဟာဇက်သည် ညာဘက်ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသမှုခံယူပြီးနောက် သုံးလခန့်အနားယူရ မည်ဟု ချယ်လ်ဆီးအသင်းက ကြေညာလိုက်သည်။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းစဉ်ဒဏ်ရာရခဲ့သည့် ဟာဇက်အနေဖြင့် သုံးလခန့်ကြာမှ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မည်ဖြစ်ရာ လာမည့်ရာသီအစပိုင်းကို လွဲချော်မည်ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ကစားသမားသည် ဒဏ်ရာကို တနင်္လာနေ့တွင် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အခြေအနေကောင်းမွန်ကြောင်းနှင့် ပို၍သန်မာစွာပြန်လာမည်ဖြစ်ကြောင်း ပြောသည်။

“ခြေကျင်းဝတ်ခွဲတာ အားလုံးအခြေအနေကောင်းပါတယ်။ အခုတော့ ပြန်သက်သာအောင်ပဲ လုပ်ရတော့မယ်။ ကျွန်တော်ပိုပြီး သန်မာလာမှာပါ။ အားပေးကြလို့ ကျေးဇူးတင်ပါတယ်”ဟု ဟာဇက်က တွစ်တာတွင်ရေးထားသည်။

ဟာဇက်သည် လွန်ခဲ့သည့် ငါးနှစ်က လိုင်လီမှ ပေါင် ၃၂ သန်းဝန်းကျင်ဖြင့်ပြောင်းလာခဲ့ပြီး ချယ်လ်ဆီးအသင်း၏ အရေးပါသော ကစားသမားတစ်ဦးဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly