နယူးကာဆယ်ကစားသမားဟောင်း တီအိုတေ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံး

နယူးကာဆယ်ကစားသမားဟောင်း တီအိုတေ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံး

တရုတ်ပထမတန်းကလပ် ဘေဂျင်းအန်တာပရိုက်စ်အသင်းမှာ ကစားနေတဲ့ နယူးကာဆယ်ကစားသမားဟောင်း အိုင်ဗရီကို့စ်ကွင်းလယ်လူ တီအိုတေဟာ တနင်္လာနေ့က လေ့ကျင့်မှုပြုလုပ်နေစဉ် ရုတ်တရက်လဲကျကာ သတိလစ်သေဆုံးသွားခဲ့ကြောင်း အင်္ဂလန်ကလပ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နယူးကာဆယ်အသင်းမှ ဘေဂျင်းအန်တာပရိုက်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ အသက် (၃၀)အရွယ်သာရှိသေးတဲ့ ကစားသမားဟာ အသင်းသစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်အတွင်း လဲကျကာ သတိလစ်သွားခဲ့ပြီး ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ပေမယ့်လည်း အသက်မကယ်နိုင်ခဲ့ပေ။

ဆေးစစ်ချက်အများအရ တီအိုတေဟာ နှလုံးရောဂါရဲ့ ထိုးနှက်ချက်ကြောင့် အခုလို ရုတ်တရက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

တီအိုတေဟာ နိုင်ငံလက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၅ အာဖရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမားတစ်ယောက်အနေနဲ့ နယူးကာဆယ်မှာ ၂၀၁၀ ကနေ ၂၀၁၇ ဖေဖော်ဝါရီအထိ ရှိနေခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly