ဇွန် ၅ ။ ။ ဗြိတိန် မင်းသား ဟယ်ရီဟာ ၎င်းရဲ့ အာရှခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က စင်ကာပူနိုင်ငံကို စတင်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
စင်ကာပူကို ရောက်ရှိလာချိန်မှာတော့ မင်းသား ဟယ်ရီဟာ ဗြိတိန် ကော်မရှင်နာမင်းကြီးရုံးမှာ ကျင်းပတဲ့ ဧည့်ခံပွဲတစ်ခုကို တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
၎င်းအခမ်းအနားတက်ရောက်ခဲ့တဲ့ အဆိုပါရုံးမှာတော့ ပြီးခဲ့တဲ့ စနေနေ့ည လန်ဒန်အကြမ်းဖက်မှုမှာ သေဆုံးသွားကြသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတစ်ဝက်ချလွှင့်ထူထားပါတယ်။
တစ်ချိန်တည်းမှာပဲ မင်းသား ဟယ်ရီဟာ စင်ကာပူက AIDS ဝေဒနာရှင်တွေ နဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
ယခု စင်ကာပူခရီးစဉ်ပြီးရင်တော့ မင်းသားဟယ်ရီဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီကို ဆက်လက်ထွက်ခွာဦးမယ်လို့ သိရပါတယ်။