နောက်တွဲယာဉ်တွင် ဝှက်ပြီး သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ် ၁၅၆ အိတ် မူဆယ်လမ်းတွင် ဖမ်းမိ

နောက်တွဲယာဉ်တွင် ဝှက်ပြီး သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ် ၁၅၆ အိတ် မူဆယ်လမ်းတွင် ဖမ်းမိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ ဇွန်လ ၅ ။          ။ မူဆယ်မြို့တောင်ဘက် ၁ဝ မိုင်အကွာ၊ လားရှိုး - မူဆယ်ပြည်ထောင်စုကားလမ်းမကြီးတွင် နောက်တွဲယာဉ် အ တွင်း အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် ၁၅၆ အိတ်အား  ဇွန်လ ၅ ရက်၊ နံနက် ၈ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ သတင်းအရ ဇွန်လ ၅ ရက်၊ နံနက် ၈ နာရီတွင် လားရှိုး - မူဆယ်ပြည် ထောင်စုကားလမ်းမကြီး၌ ရှာဖွေစစ်ဆေးနေစဉ် ဦးမြတ်ကိုဆိုသူ   မောင်းနှင်လာသည့်   နောက်တွဲယာဉ်အတွင်းမှ  အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာသည့် အဆိုပါ အမိုနီယမ်နိုက်ထရိတ် ထည့်ထားသည့် အိတ်များကို ရှာဖွေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အမိုနီယမ်နိုက်ထရိတ်အိတ်များ၊ နောက်တွဲယာဉ်နှင့် ဦးမြတ်ကိုဆိုသူတို့ကို ဖမ်းဆီးခဲ့ သည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ မူဆယ်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly