လေ့ကျင့်ရေးကွင်းတွင် ဟာဇက် ခြေကျင်းဝတ်ရိုးကျိုး

လေ့ကျင့်ရေးကွင်းတွင် ဟာဇက် ခြေကျင်းဝတ်ရိုးကျိုး

ဇွန် ၅၊ ဘယ်လ်ဂျီယံ။                ။ ချယ်လ်ဆီးကွင်းလယ်ကစားသမား အီဒင်ဟာဇက်သည် နိုင်ငံအသင်းနှင့်လေ့ကျင့်ခန်းဆင်းနေစဉ် ခြေကျင်းဝတ်ရိုးကျိုးသွားသည် ဟု ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ကြေညာသည်။

ကွင်းလယ်ကစားသမားသည် ခြေကျင်းဝတ်လည်သွားခဲ့ပြီး ဓါတ်မှန်ရိုက်စစ်ဆေးခဲ့ရာ အရိုးတစ်ချောင်းကျိုးသွားခဲ့ခြင်းဖြစ်သည်ဟု ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်၏ တွစ်တာတွင်ရေးထားသည်။

သို့ဖြစ်ရာ အသက် ၂၆ နှစ်အရွယ်ကစားသမားမှာ ချက်နှင့်ကစားမည့် တနင်္လာနေ့ ခြေစမ်းပွဲအပြင် ဇွန် ၉ တွင် အက်စ်တိုးနီးယား  နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲကိုပါ လွဲမည်ဖြစ်သည်။

ဟာဇက်အနေဖြင့် အချိန်မည်မျှအနားယူရမည်ကို မသိရသေးပေ။ ဟာဇက်သည် ချယ်လ်ဆီးအသင်းပရီးမီးယားလိဂ်ဗိုလ်စွဲရာ၌ မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၃၆ ပွဲကစား ၁၆ ဂိုးသွင်းထားသည်။

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း သုံးနှစ်ကျန်နေသေးသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် သတင်းများထွက်ပေါ်နေ သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly