အာရှဖျော်ဖြေရေးခရီးစဉ်အတွက် ဘရစ်တနီစပီးယား ဂျပန်သို့ ရောက်ရှိ

အာရှဖျော်ဖြေရေးခရီးစဉ်အတွက် ဘရစ်တနီစပီးယား ဂျပန်သို့ ရောက်ရှိ

ဇွန် ၃ ။               ။ အမေရိကန် အဆိုတော် ဘရစ်တနီစပီးယားဟာ သူမရဲ့ အာရှဖျော်ဖြေရေးခရီးစဉ်အတွက် ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အသက် ၃၅ နှစ်အရွယ် အဆိုတော် ဘရစ်တနီစပီးယားဟာ သူမရဲ့ အဖွဲ့လိုက်ပါပြီး ဇွန်လ ၁ ရက်က တိုကျိုလေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

ဘရစ်တနီဟာ ယခုသီတင်းပတ်အတွင်း တိုကျိုမြို့က ယိုယိုဂီ အမျိုးသားအားကစားရုံမှာ ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ အလားတူ သူမဟာ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူနဲ့ အစ္စရေးတို့ကိုလည်း ဖျော်ဖြေရေးခရီး ဆက်လက်ထွက်ခွာဦးမှာ ဖြစ်ပါတယ်။

ယခု အာရှခရီးစဉ်မှာ ဘရစ်တနီ စပီးယားနဲ့အတူ သူမရဲ့ ဖခင် ဂျေမီ စပီးယား၊ မန်နေဂျာ လာရီ ရူဒေါဖ် တို့လည်း လိုက်ပါလာတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly