ဆန်းချက်ဇ်နှင့်အိုဇေးလ်ကို အသင်းမှ ထွက်ခွင့်ပြုမည် မဟုတ်ဟု ဝင်းဂါးဆို

ဆန်းချက်ဇ်နှင့်အိုဇေးလ်ကို အသင်းမှ ထွက်ခွင့်ပြုမည် မဟုတ်ဟု ဝင်းဂါးဆို

ဇွန် ၃၊ လန်ဒန်။                 ။ အာဆင်နယ်အသင်းမှ ယခုနှစ်နွေရာသီတွင် ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေသော အဓိက ကစားသမားနှစ်ဦးဖြစ်သည့် အလက်ဆစ်ဆန်းချက်ဇ်နှင့်အိုဇေးလ် တို့ကို အသင်းမှထွက်ခွာခွင့်ပြုမည် မဟုတ်ဟု နည်းပြ အာစင်ဝင်းဂါးကပြောသည်။

ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူရန် မန်စီးတီးနှင့်ဘိုင်ယန်မြူးနစ်အသင်းများက ကြိုးပမ်းနေကြပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းမှထွက်ရန် ဆန္ဒရှိနေသည်ဟု သတင်းများက ဖော်ပြနေသည်။

အာဆင်နယ်အသင်းသည် ဆန်းချက်ဇ်ကို အိုဇေးလ်တို့ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး ကစားသမားနှစ်ဦးက တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းအထိတောင်းဆိုထားသည်။ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်အထိ ဘယ်ကစားသမားကိုမှ အသင်းက ထွက်ခွင့်ပေးမှာမဟုတ်ပါဘူး။ ကစားသမားအားလုံးကို စာချုပ်သက်တမ်းတိုးမှာပါ။ အသင်းမှာ အားလုံးဆက်ရှိနေမယ်လို့ မျှော်လင့်ထားပါတယ်။ ဟု အာစင်ဝင်းဂါးက ပြောသည်။

ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့မှာ အာဆင်နယ်အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်စီ ကျန်ရှိနေသေးပြီး စာချုပ်သက်တမ်းမတိုးပဲ အာဆင်နယ်တွင် ဆက်ရှိပါက လာမည့်နှစ် ဘောလုံးရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးနှင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။ အာဆင်နယ်အသင်းမှာ အဆိုပါ ကစားသမားနှစ်ဦးအတွက် တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခုနှစ်သောင်းဖြင့် စာချုပ်သစ် ကမ်းလှမ်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly