ရေမျော ကိုကင်းများအား မက္ကဆီကိုရေတပ် တွေ့ရှိ

ရေမျော ကိုကင်းများအား မက္ကဆီကိုရေတပ် တွေ့ရှိ

မက္ကဆီကိုစီးတီး၊ ဇွန် ၃ ။               ။ ပစိဖိတ်ကမ်းခြေမြို့ အကာပူကိုဆိပ်ကမ်းမြို့ ကမ်းလွန်တွင် ရေမျောလာသော ကိုကင်း ၁ ဒဿမ ၂ တန်ကို မက္ကဆီကိုရေတပ်က တွေ့ရှိကြောင်း ပြောသည်။

ဘာရာဗီဂျာကမ်းခြေ ရေလှိုင်းနှင့်အတူ မျောပါလာသော ကိုကင်းထုပ် သုံးဆယ့်နှစ်ထုပ်ကို တွေ့ရှိခြင်းဖြစ်ပြီး ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရရှိလိုက်ခြင်းဖြစ်ကြောင်း ရေတပ်က ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ကိုကင်းများကို ဂွာရီရိုပြည်နယ်ဗျူရိုသို့ လက်လွှဲပေးပို့မည်ဖြစ်ကြောင်း ရေတပ်က ထုတ်ပြန်သည်။

၂၀၁၆ ဇွန်လအတွင်းကလည်း ချီယာပတ်စ်ပြည်နယ် ကမ်းလွန်တွင် ရေမျောလာသော ကိုကင်း ၉၀၀ ကီလိုဂရမ်ကို ရေတပ်က သိမ်းဆည်းရမိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly