အက်ဒါဆင်ကိုပေါင် ၃၅ သန်းဖြင့်ခေါ်ရန် မန်စီးတီးသဘောတူပြီဟု ဘင်ဖီကာအသင်းကြေညာ

အက်ဒါဆင်ကိုပေါင် ၃၅ သန်းဖြင့်ခေါ်ရန် မန်စီးတီးသဘောတူပြီဟု ဘင်ဖီကာအသင်းကြေညာ

ဇွန် ၂၊ မန်ချက်စတာ။           ။ မန်စီးတီးအသင်းသည် ဂိုးသမား အက်ဒါဆင်ကို ပေါင် ၃၅ သန်းပေးပြီးခေါ်ယူရန်သဘောတူလိုက်ပြီဟု ပေါ်တူဂီချန်ပီယံ ဘင်ဖီကာအသင်းက ကြေညာသည်။

အသက် ၂၃ နှစ်အရွယ်ဂိုးသမားသည် ပြီးခဲ့သည့်နှစ်မတ်လတွင် ဘင်ဖီကာအသင်း၌ပါဝင်လာပြီး ၃၇ ပွဲကစားပေးထားသည်။

“ဘင်ဖီကာအသင်းအနေနဲ့ ယူရိုသန်း ၄၀ အတွက် မန်စီးတီးနဲ့ သဘောတူညီမှုရပါပြီ”ဟု အသင်းက ပေါ်တူဂီစတော့အိတ်ချိန်းသို့ ပြောသည်။

ပြောင်းရွှေ့ကြေး၏ ၅၀ ရာခိုင်နှုန်းကို တတိယ ကြားခံအဖွဲ့အစည်းသို့ပေးရမည်ဟုလည်း ၎င်းတို့က အတည်ပြုခဲ့သည်။ ယင်း တတိယ ကြားခံအဖွဲ့အစည်း၏ ဖြစ်တည်ပါဝင်မှုကို ပရီးမီးယားလိဂ်ထံ ကျေနပ်အောင် မဖြေရှင်းနိုင်မချင်း စာချုပ်နိုင်ဦးမည် မဟုတ်ဟု စီးတီးအသင်း သတင်းရင်းမြစ်များက ဆိုသည်။

စာချုပ်ပြီးခဲ့ပါက ဘရာဇီးနံပါတ် တစ် ဂိုးသမားအနေဖြင့် နွေရာသီတွင်မန်စီးတီးခေါ်ယူသည့် ဒုတိယမြောက် နာမည်ကြီး ကစားသမားတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် ၂၀၀၁ ခုနှစ်တွင် ဘတ်ဖွန်အတွက် ပါးမားထံ ဂျူဗင်တပ်အသင်းပေးခဲ့ရသည့် ပြောင်းရွှေ့ကြေး ပေါင် ၃၂ ဒသမ ၆ သန်း ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားဟု ယူဆလျှင် ရနိုင်ဖွယ်ရှိသည်။

သို့သော် ပေါင်ငွေကြေးတန်ဖိုးကွာခြားသွား၍ ငွေလဲလှယ်နှုန်းမတူတော့သည်ဖြစ်ရာ ယူရိုသန်း ၄၀ ဆိုသည်မှာ ဘတ်ဖွန်၏ ပြောင်းရွှေ့ကြေး ပမာဏထက် နည်းပါးနေသည်။

ဂျူဗင်တပ်သို့ ဘတ်ဖွန်ပြောင်းရွှေ့စဉ်က ပေါင် ၃၂ ဒသမ ၆ သန်းဆိုသည်မှာ ထိုစဉ်က ယူရို ၅၃ သန်းနှင့် ညီမျှသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags