နှစ်နှစ်စာချုပ်ပြီးနောက် လာမည့်ရာသီ ပရီးမီးယားလိဂ်ဖလားကို အာစင်ဝင်းဂါးပစ်မှတ်ထား

နှစ်နှစ်စာချုပ်ပြီးနောက် လာမည့်ရာသီ ပရီးမီးယားလိဂ်ဖလားကို အာစင်ဝင်းဂါးပစ်မှတ်ထား

ဇွန် ၁၊ လန်ဒန်။             ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းနှင့်နှစ်နှစ်စာချုပ်သစ်ချုပ်ပြီးနောက် လာမည့်ရာသီပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားနေသည်။

စာချုပ်ပါ သဘောတူညီချက်အရ စာချုပ်ဖျက်သိမ်းမည့် အချက်ပါဝင်ခြင်း မရှိရာ အသင်းကို တာဝန်ယူသည့်သက်တမ်း ၂၃ နှစ်ပြည့်သည်အထိ ကိုင်တွယ်ခွင့်ရနိုင်မည်ဖြစ်သည်။

အာဆင်နယ်အသင်းသာမက အသက် ၆၇ နှစ်အရွယ် အာစင်ဝင်းဂါးကပါ လက်ရှိစာချုပ်ကို နောက်ဆုံးစာချုပ်ဟုလည်း ယူဆကြခြင်း မရှိပေ။

“ကျွန်တော်ဒီအသင်းကို ချစ်တယ်။ အနာဂါတ်ကိုလည်း အကောင်းမြင်မှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ ရှေ့ဆက်သွားမယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းသည် ဇူလိုင် ၁ ရက်တွင်ဖွင့်လှစ်မည့် အပြောင်းအရွှေ့ဈေးကွက်အတွင်း အနည်းဆုံးပေါင်သန်း ၁၀၀ သုံးစွဲ လိမ့်မည်ဟုမျှော်လင့်ရပြီး ပြီးခဲ့သည့်ရာသီကလည်း ယင်းပမာဏဝန်းကျင်သုံးစွဲခဲ့သည်။

“လက်ရှိလူအင်အားကတောင့်တင်းပြီးသားဖြစ်ပြီး နောက်ထပ်နည်းနည်းထပ်ဖြည့်လိုက်ရင် ကျွန်တော်တို့ပိုပြီးတောင် အောင်မြင်နိုင်တယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပြိုင်ဆိုင်နိုင်အောင် ကျွန်တော်တို့ကြိုးစားနေပြီး အဲဒါက ဒီနွေရာသီနဲ့ လာမည့်နွေရာသီ အတွက် ကျွန်တော်တို့ရဲ့ ပစ်မှတ်ပါပဲ”ဟု အာစင်ဝင်းဂါးကပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly