နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘယ်လ်ဂျီယမ်အသင်းလူစာရင်းတွင် ကွန်ပနီ ပြန်လည်ပါဝင်

နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘယ်လ်ဂျီယမ်အသင်းလူစာရင်းတွင် ကွန်ပနီ ပြန်လည်ပါဝင်

မေ ၃၁၊ မန်ချက်စတာ။       ။ ၂၀၁၅ အောက်တိုဘာလကတည်းကစတင်ကာ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းလူစာရင်းတွင် မပါဝင်ခဲ့သော မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီမှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘယ်လ်ဂျီယမ်အသင်းလူစာရင်းတွင် ပြန်လည်အရွေးခံခဲ့ရသည်။

ချက်အသင်းနှင့်ကစားမည့်ခြေစမ်းပွဲနှင့် အက်စတိုနီးယားအသင်းနှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ရွေးချယ်ခဲ့သော ဘယ်လ်ဂျီယမ်အသင်းလူစာရင်းတွင် ကွန်ပနီ ပြန်လည်ပါဝင်လာခြင်းဖြစ်သည်။

အသက် ၃၁နှစ်အရွယ် ကွန်ပနီမှာ ဒဏ်ရာကြောင့် ယူရို ၂၀၁၆ ပြိုင်ပွဲနှင့်လည်း လွဲချော်ခဲ့ရသည်။ ကွန်ပနီက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားပါ။

လက်ရွေးစင်အသင်းဝတ်စုံနဲ့သူ့ကို ပြန်မြင်ခွင့်ရမှာက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူဘယ်လောက်အထိ စွမ်းဆောင်နိုင်သေးတယ်ဆိုတာကိုလည်း မြင်တွေ့ရမှာပါ။ ဟု ဘယ်လ်ဂျီယမ်အသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်ကပြောသည်။

ကွန်ပနီဟာ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၇၀ အထိကစားပေးထားပြီး သွင်းဂိုး ၄ ဂိုး သွင်းယူပေးထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly