အာစင်ဝင်းဂါး အာဆင်နယ်တွင် နှစ်ရာသီဆက်ရှိမည်

အာစင်ဝင်းဂါး အာဆင်နယ်တွင် နှစ်ရာသီဆက်ရှိမည်

မေ ၃၁၊ လန်ဒန်။           ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းတွင် နှစ်ရာသီဆက်ရှိရန် သဘောတူညီမှုရခဲ့ပြီဟု အင်္ဂလန်သတင်းစာများတွင်ဖော်ပြခဲ့ကြသည်။

အာစင်ဝင်းဂါးနှင့်အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီတို့ နှစ်ရက်ကြာဆွေးနွေးမှုများပြုလုပ်ပြီးနောက် အသင်းနှင့် နှစ်နှစ်စာချုပ် သက်တမ်းတိုးချုပ်ဆိုရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ အာစင်ဝင်းဂါးမှာ ပရီးမီးယားလိဂ်ရာသီအကုန်တွင် အာဆင်နယ်အသင်းအဆင့် ၅ နေရာနှင့် ရာသီသိမ်းခဲ့ပြီး ယူရိုပါလိဂ်သာဝင်ခွင့်ရခဲ့ပြီးနောက် အာဆင်နယ်နှင့်လမ်းခွဲမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးကိုအနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် အသင်းတွင်ဆက်ရှိရန် ဘုတ်အဖွဲ့နှင့်ဆွေးနွေးမှုများလုပ်ခဲ့ခြင်းဖြစ်သည်။

အာဆင်ဝင်းဂါးအနေဖြင့်စာချုပ်သစ်ချုပ်ဆိုပြီးနောက် ပထဆုံးရင်ဆိုင်ရမည့်အခက်အခဲမှာ အသင်း၏စတားပလေယာနှစ်ဦးဖြစ်သော အလက်ဆစ်ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ကို စာချုပ်သက်တမ်းတိုးရန် ဖြစ်သည်။ အာဆင်ဝင်းဂါးမှာ အာဆင်နယ်အသင်းနည်းပြသက်တမ်းတစ်လျှောက် ပရီးမီးယားလိဂ်ချန်ပီယံဆု သုံးကြိမ်နှင့် အက်ဖ်အေဖလားချန်ပီယံ ခုနှစ်ကြိမ်ရအောင် စွမ်းဆောင်ပေးထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly