ကချင်ပြည်နယ်မှာ အရပ်သားသုံးဦးအလောင်း တွေ့ရှိမှုကိစ္စ မြန်မာစစ်တပ် စုံစမ်းစစ်ဆေးနေ

ကချင်ပြည်နယ်မှာ အရပ်သားသုံးဦးအလောင်း တွေ့ရှိမှုကိစ္စ မြန်မာစစ်တပ် စုံစမ်းစစ်ဆေးနေ

မေ ၃၁ ။                     ။ တိုက်ပွဲတွေ ဖြစ်ထားခဲ့တဲ့ ကချင်ပြည်နယ်မှာ သေနတ်ဒဏ်ရာတွေနဲ့ အရပ်သားသုံးဦးတို့ရဲ့ အလောင်းတွေ တွေ့ရှိထားခဲ့ဲတဲ့ ဖြစ်စဉ်တစ်ခု ထွက်ပေါ်ခဲ့ပြီးနောက် ယင်းကိစ္စမှာ တပ်မတော်သားတွေ ပါဝင်ပတ်သက်ခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း မေလ ၃၀ ရက်မှာ စစ်တပ်က ထုတ်ပြန်ပါတယ်။

ယင်းဒေသက မြန်မာစစ်တပ် စစ်စခန်းတစ်ခုနဲ့  သိပ်မဝေးလှတဲ့ နေရာတစ်ခုမှာ မြှုပ်နှံခံထားရတဲ့ အဆိုပါ အရပ်သားသုံးဦးတို့ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပြီးနောက် ယခုလို တပ်အာဏာပိုင်တွေ ဘက်က စစ်ဆေးမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါ အမျိုးသားသုံးဦးတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ကချင်ပြည်နယ်အတွင်းက မိုင်းခေါင်ကျေးရွာက တပ်မတော် တပ်စခန်းတစ်ခုရဲ့ အရှေ့မြောက် သုံးမိုင်လောက် အကွာမှာ တွေ့ခဲ့ရတာလည်း   ဖြစ်ပါတယ်။

ယင်းဒေသမှာဆိုရင် မကြာသေးခင်ကမှ ဖြစ်ထားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်ပေါင်းများစွာတို့လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။

ဒေသခံတွေရဲ့ ထွက်ဆိုချက်အရတော့ ယင်း အမျိုးသားသုံးဦးဟာ မသေခင် ညှင်းပန်းနှိပ်စက် ခံထားရသလို ထိုးသွင်းဒဏ်ရာတွေလည်း ရှိခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

"ဒီကိစ္စမှာ စစ်တပ်က တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့ခြင်းရှိမရှိ ပြီးခဲ့တဲ့ မေလ ၂၉ ရက်ကပဲ သက်ဆိုင်ရာတာဝန်ရှိသူတွေ စပြီး စစ်ဆေးနေပါပြီ" လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အဆိုပါ သေဆုံးခဲ့တဲ့ အမျိုးသားသုံးဦးဟာ ယင်းအနီးအနားက ခရစ်ယာန်တို့ ဖွင့်လှစ်ထားတဲ့ IDP စခန်းတွေက ဖြစ်ကြောင်း ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ခွန်ဂျာက ပြောပါတယ်။" သူတို့တွေကို စစ်တပ်က ဖမ်းဆီးခဲ့တာတော့ တွေ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ပြီးဆုံးပြီး နောက်မကြာမီမှာလည်း ယခု ကိစ္စအပေါ် စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ယမန်နှစ်တုန်းကတော့ ဖမ်းဆီးစုံစမ်းစစ်ဆေးမှုတစ်ခုအတွင်း ကျေးရွာသားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ တပ်မတော်သား ခုနစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ငါးနှစ်ချမှတ်ခဲ့တဲ့ ဖြစ်စဉ်လည်း   ဖြစ်ထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly