ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်တွင်းအလှူရှင်များ ကျပ် ၁၅ ဘီလီယံကျော် လှူဒါန်းထား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်တွင်းအလှူရှင်များ ကျပ် ၁၅ ဘီလီယံကျော် လှူဒါန်းထား

ရန်ကုန်၊ မေ ၂၉ ။             ။ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ပြည်တွင်းအလှူရှင်များ မှ ၅ လအတွင်း ငွေကျပ် ၁၅ ဘီလီယံကျော်လှူဒါန်းထားကြောင်း ပအိုင်းလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။

ယနေ့ (မေ ၂၉) ဆက်လက်ပြုလုပ်နေသည့် ဒုတိယအကြိမ် ၂၁ ပင်လုံအစည်းအဝေး အစတွင် အစိုးရဘက်က ထုတ်ပြန်စာကို ဗိုလ်မှူးကြီးခွန်ဥက္ကာက ဖတ်ကြားခဲ့ရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ပြည်တွင်းအလှူရှင်များ ထည့်ဝင်လှူဒါန်းရေးအတွက် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်ဘဏ်ခွဲ) တွင် ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ငွေစရင်းဖွင့်လှစ်လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မေလ ၁၉ ရက်နေ့အထိ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းမှာ ကျပ် (၁၅.၄၅) ဘီလီယံကျော်ဖြစ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုသည်။

လှူဒါန်းကြသည့် အလှူရှင်ဦးရေ (၁၅၀) ကျော်ရှိပြီး ပြည်သူတစ်ဦးချင်း အနည်းဆုံး ၃၀၀၀၀ ကျပ်မှ အများဆုံး လှူဒါန်းငွေပမာဏမှာ ကျပ် ၃ ဘီလီယံ ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly