အသင်းဟောင်းအက်သလက်တီကိုအတွက်သာ ချယ်လ်ဆီးကိုစွန့်ခွာမည်ဟု ဒီယေဂိုကော်စတာ ပြော

အသင်းဟောင်းအက်သလက်တီကိုအတွက်သာ ချယ်လ်ဆီးကိုစွန့်ခွာမည်ဟု ဒီယေဂိုကော်စတာ ပြော

မေ ၂၈၊ အင်္ဂလန် ။             ။ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက အသင်းဟောင်းအက်သလက်တီကိုအသင်းတွက်သာ ချယ်လ်ဆီးအသင်းကိုစွန့်ခွာမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ကော်စတာကို တရုတ်ကလပ် တီယန်ဂျင်းအသင်းက ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း စပိန်တိုက်စစ်မှူးမှာ ပရီးမီးယားလိဂ်ဖလားရရှိပြီးနောက် ချယ်လ်ဆီးတွင်သာ ဆက်လက်ကစားသွားရန် ဆန္ဒပြင်းပြလျက်ရှိသည်။

'အက်သလက်တီကိုအသင်းအတွက်ပဲ ချယ်လ်ဆီးကို စွန့်ခွာမှာပါ။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ချယ်လ်ဆီးမှာပဲ ဆက်ကစားသွားမှာပါ။ တစ်ခြားကလပ်တွေကို ကျွန်တော်စိတ်မဝင်စားပါဘူး' ဟု ဒီယေဂိုကော်စတာက ပြောသည်။

မန်ယူအသင်းက အက်သလက်တိုက်စစ်မှူးဂရစ်ဇ်မန်းကို ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေပြီးနောက် အက်သလက်ကလည်း ကော်စတာကိုပြန်ခေါ်မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

'ကျွန်တော့်မှာ စာချုပ်သက်တမ်းကျန်ပါသေးတယ်။ အသင်းပြောင်းဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမဲ့ အသင်းမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍမှေးမှန်လာပြီး နည်းပြက အခြားတိုက်စစ်မှူးတစ်ဦးကို နေရာပေးလာပြီဆိုရင်တော့ ကျွန်တော်အသင်းပြောင်းမှာပါ။ ငွေတွေအများကြီးရတာက ကောင်းပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားကလည်း ကောင်းပါတယ်။ ကျွန်တော်ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားချင်ပါသေးတယ်။ ဒီလိုကစားခွင့်ရဖို့ စပိန်အသင်းက ခေါ်အောင် အဆင့်မြင့်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြကစားနေနိုင်ဖို့ လိုပါတယ်။ ဒါက ကျွန်တော့်ရည်မှန်းချက်ပါပဲ' ဟု ကော်စတာက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly