စာအိတ်ဗုံးခွဲ လုပ်ကြံမှုနှင့် ကြံုခဲ့ရသော်လည်း ဂရိ၀န်ကြီးချုပ်ဟောင်း အသက်ရှင်လွတ်မြောက်

စာအိတ်ဗုံးခွဲ လုပ်ကြံမှုနှင့် ကြံုခဲ့ရသော်လည်း ဂရိ၀န်ကြီးချုပ်ဟောင်း အသက်ရှင်လွတ်မြောက်

မေ ၂၆ ။                  ။ ဂရိဝန်ကြီးချုပ်ဟောင်း လူကက်စ် ပါပါဒီမို့စ် စီးနင်းလိုက်ပါလာသော ကားအတွင်း စာအိတ်ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ဝန်ကြီးချုပ်ဟောင်းမှာ ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်မှာ မေလ ၂၅ ရက်က အေသင်မြို့လယ်ခေါင်လမ်းမတစ်နေရာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ဝန်ကြီးချုပ်ဟောင်းအပြင် ကားဒရိုင်ဘာနှင့် အခြားအမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နှင့် ယခုအခါ ၎င်းတို့သုံးဦးစလုံးအခြေအနေ စိုးရိမ်ဖွယ်ရာမရှိတော့ကြောင်း အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရစ် ဇန်နာကိုပူးလော့စ်က ပြောသည်။

ယင်းနေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က ဝန်ကြီးချုပ်ဟောင်း ပါပါဒီမို့စ်မှာ ၎င်းကားထဲတွင် လိုက်ပါစီးနင်းလာစဉ် စာအိတ်တစ်လုံးကို ဖွင့်ဖောက်လိုက်ချိန်၌ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်ကို ကျူးလွန်ကြောင်း ယခုအချိန်ထိ မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

စာအိတ်ထဲတွင် ပေါက်ကွဲစေတတ်သော အရည်အမျိုးအစားတစ်ချို့ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယခုအခါ ၎င်းတို့သုံးဦးစလုံးကို ဆေးရုံသို့ တင်ပို့ထားပြီးဖြစ်သည်။

ပါပါဒီမို့စ်မှာ ၂၀၁၁ နိုဝင်ဘာလမှ ၂၀၁၂ မေလအထိ ဂရိဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ယခု တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဘရက်ဆဲလ်မြို့၌ နေတိုးအုပ်စုညီလာခံသို့ တက်ရောက်လျက်ရှိသော လက်ရှိဝန်ကြီးချုပ် အလက်ဇစ် စီပရက်စ်က ပြင်းထန်စွာ ပြစ်တင်ပြောကြားသွားခဲ့ပြီး ၎င်း၏ လက်ဝဲယိမ်း ပါတီဆိုင်ရီဇာ ပါတီကလည်း ယင်းတိုက်ခိုက်မှုမှာ ဒီမိုကရေစီကို ထိုးနှက်လိုက်ခြင်းဖြစ်ကြောင်း ပြစ်တင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly