ကျပ် သိန်း ၃၄ဝဝ ခန့် တန်ဖိုးရှိ WY ဆေးပြား ပိုင်ရှင်မဲ့အထုပ် သိမ်းဆည်းရမိ

ကျပ် သိန်း ၃၄ဝဝ ခန့် တန်ဖိုးရှိ WY ဆေးပြား ပိုင်ရှင်မဲ့အထုပ် သိမ်းဆည်းရမိ
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ မေလ ၂၅ ။            ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း ၃၄ဝဝ ခန့် တန်ဖိုးရှိ WY ဆေးပြား ပိုင်ရှင်မဲ့အထုပ်တစ်ထုပ်အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းမှ မေလ ၂၄ ရက်၊ မနက်ပိုင်းအချိန် မောင်တောမြို့နယ် နယ်မြေအတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် မြို့မှ အနောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာ၌ မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးကြည့်ရာ အဆိုပါအထုပ်ထဲမှ (ခန့်မှန်းတန်ဖိုးကျပ်သိန်း ၃,၄ဝဝခန့် တန်ဖိုးရှိ WY ဆေးပြား ၁၇ဝ,ဝဝဝ ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများကို မောင်တောမြို့နယ် အမှတ်(၄၆) မူးယစ် တပ်ဖွဲ့စုမှ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly