အက်ဖ်အေဖိုင်နယ်မှာ နောက်ဆုံးပွဲ ဖြစ်လိမ့်မည်လားဆိုသည်ကို မသိဟု အာစင်ဝင်ဂါးပြော

အက်ဖ်အေဖိုင်နယ်မှာ နောက်ဆုံးပွဲ ဖြစ်လိမ့်မည်လားဆိုသည်ကို မသိဟု အာစင်ဝင်ဂါးပြော

မေ ၂၅၊ လန်ဒန်။                   ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက စနေနေ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အာဆင်နယ်နည်းပြဘဝနောက်ဆုံးပွဲဖြစ်လိမ့် မည်လားဆိုသည်ကိုမသိဟု ပြောသည်။

အာဆင်နယ်နည်းပြအဖြစ် ၁၉၉၆ ခုနှစ်ကတည်းကတာဝန်ယူလာသည့် ပြင်သစ်လူမျိုးနည်းပြ အာစင်ဝင်းဂါး၏ စာချုပ်မှာနွေရာသီ တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဗိုလ်လုပွဲအပြီးတွင် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်မည်ဖြစ်သည်။

၎င်း၏အနာဂါတ်မရေရာမှုက အသင်းကိုထိခိုက်စေခဲ့သည်ဟု တနင်္ဂနွေနေ့တွင်ပြောဆိုထားသော်လည်း ချယ်လ်ဆီးနှင့် ပွဲမတိုင်မီ တွင် အနာဂါတ်ကိုကျယ်ကျယ်ပြန့်ပြန့်ထပ်ပြောရန် အာစင်ဝင်းဂါးက   ငြင်းဆန်ခဲ့သည်။

“ကျွန်တော့်ရဲ့အသင်းအတွက် ဖလားရယူပေးချင်ပါတယ်။ အဲဒါကိုပဲ ကျွန်တော်ဂရုစိုက်ထားပါတယ်။ နှုတ်ဆက်ပွဲဖြစ်လာ နိုင်လားဆိုတာကိုပြန်ဖြေဖို့ထက် ကျွန်တော်ဆန္ဒက လာမယ့်ပွဲကို နိုင်ချင်တာပါ။

ကျွန်တော့်အကြောင်းထက် ကျွန်တော်တို့အသင်း ဖလားရဖို့ အရာအားလုံးပေးဆပ်ဖို့အကြောင်းကိုပဲ ပြောချင်ပါတယ်” အာစင်ဝင်းဂါးက ပြောသည်။

ဝင်းဂါးသည် လန်ဒန်မြောက်ပိုင်းကလပ်တွင် နှစ် ၂၀ ကာလအတွင်း ပရီးမီးယားလိဂ်ဖလား သုံးလုံး၊ အက်ဖ်အေဖလား ခြောက်လုံး ရရှိခဲ့သော်လည်း ယခုနှစ်တွင် အသင်းမှနုတ်ထွက်ရန် ပရိသတ်များ၏ ဆန္ဒပြမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly