သမ္မတရာထူးကို ငြိမ်းချမ်းရေးအတွက် အသုံးချရန် ပုပ်ရဟန်းမင်းကြီးက ဒေါ်နယ်ထရမ့်အား နားချ

သမ္မတရာထူးကို ငြိမ်းချမ်းရေးအတွက် အသုံးချရန် ပုပ်ရဟန်းမင်းကြီးက ဒေါ်နယ်ထရမ့်အား နားချ

ဗာတီကန်စီးတီး၊ မေ ၂၄ ။             ။ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်သို့ ရောက်ရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မေ ၂၄ ရက်က ပထမဆုံးတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးအတွက် သမ္မတရာထူးကို အသုံးချပါဟု နားချတိုက်တွန်းလိုက်သည်။

သက်တော် ၈၀ ရှိ ပုပ်ရဟန်းမင်းကြီးနှင့် ပထမဆုံး နိုင်ငံခြားခရီးစဉ် လည်ပတ်ရာမှ ဗာတီကန်စီးတီးသို့ ရောက်ရှိလာသည့် ထရမ့်တို့၏ တွေ့ဆုံမှုသည် လှိုက်လှဲပျူငှာမှုရှိကြောင်း ဗာတီကန်က ထုတ်ပြန်သည်။

အကြီးအကဲနှစ်ဦးတို့သည် ကိုယ်ဝန်ဖျက်ချခြင်းအား ဆန့်ကျင်ကြောင်းနှင့် အရှေ့အလယ်ပိုင်းတွင် ခရစ်ယာန်များ နှိပ်စက်ခံနေကြရခြင်းများကို စိုးရိမ်ကြောင်း စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဗာတီကန်က ဖော်ပြသည်။

ဗာတီကန်သို့ ထရမ့်နှင့် ၎င်း၏ကတော် မယ်လင်နီယာတို့ကို ကက်သလစ်ဘုရားကျောင်းဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီး မတွေ့ဆုံမီ ဘုရားကျောင်းတာဝန်ရှိသူများနှင့် ဆွစ်ဇာလန်အစောင့်တပ်တို့က ကြိုဆိုခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးသည် ထရမ့်အား ၎င်း၏ကိုယ်ပိုင်စာကြည့်ခန်းတွင် ၂၇ မိနစ်ကြာ တွေ့ဆုံခဲ့ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စရပ်အပေါ် ဆွေးနွေးခဲ့ကြကြောင်း ဗာတီကန်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly