ရေလမ်းဖြင့် ကျောင်းတက်မည့် ကျောင်းသား/သူများအတွက် အသက်ကယ်အကျင်္ ီများ လိုအပ်နေ

ရေလမ်းဖြင့် ကျောင်းတက်မည့် ကျောင်းသား/သူများအတွက် အသက်ကယ်အကျင်္ ီများ လိုအပ်နေ

ပုဏ္ဏားကျွန်း၊ မေ ၂၀ ရက်။             ။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီှပြင်ကျေးရွာ အထက တွင် အခြားကျေးရွာများမှ လာရောက်ပညာသင်ကြားသည့် ကျောင်းသား/သူများမှာ ကူးတို့လှေဖြင့် သွားလာနေကြရသဖြင့် ၎င်းတို့ အသက်အန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသက်ကယ်အင်္ကျီများ လိုအပ်လျှက်ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့က ပိုးရွှီပြင်သို့ ရဟက်တောင်ရွာမှ ကူးတို့လှေ နစ်မြှုပ်ခဲ့မှုကြောင့် ကျောင်းသား/သူ ၇ ယောက် သေဆုံးသွားခဲ့သည်။

ပိုးရွှီပြင်ကျေးရွာမှာ တောဖျားချောင်းတွင် တစ်ခုတည်းသော အထက ကျောင်းရှိသည့်ကျေးရွာဖြစ်ရာအနီးဝန်းကျင် ကျေးရွာများမှ ကျောင်းသူကျောင်းသားများမှာ   နေ့ချင်းပြန်ခရီးအဖြစ်   လှေများဖြင့် ချောင်းကူးပြီး လာရောက်ပညာသင်ယူနေကြရသည်။ အဆိုပါဒေသသည် မိုးရာသီတွင် ရာသီဥတု ဆိုးရွားပြီး လှိုင်းလေများ ပြင်းထန်စွာ ကျရောက်တတ်သောကြောင့် ၎င်းကျောင်းသား/သူများ၏ အသက်အန္တရာယ် ကာကွယ်ရေးအတွက် အသက် ကယ်အင်္ကျ ီများ ပေးအပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“တခြားရွာမှာက မူလတန်းလွန်ကျောင်းပဲ ရှိပါတယ်။ ၇တန်း၊ ၈တန်း၊ ၉တန်း၊ ၁၀တန်း ကျောင်းသူ/သားတွေဆိုရင် ပိုးရွှီပြင်ရွာကို ချောင်းကူးပြီး လာတက်ကြရတယ်။ မိုးရာသီဆိုရင်တော့ သူတို့အသက် အန္တရာယ်အတွက် စိုးရိမ် ရတယ် ”ဟု ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကံသိန်းမောင်က မဇ္ဈိသို့ ပြောသည်။

ပိုးရွှီပြင်ရွာသို့ ကူးတို့လှေဖြင့် ချောင်းကူးပြီးကျောင်းလာတက်ကြရသော ကျေးရွာများမှ ရွှေကံ့ကော်၊ ရဟက်တောင် စသည့်ကျေးရွာများဖြစ်ပြီး ကျောင်းလာတက်သော ကျောင်းသား/သူဦးရေ ၁၀၀ နီးပါးခန့်ရှိပြီး ၎င်းတို့အတွက် ယခုနှစ်ကျောင်းဖွင့်ရာသီ မတိုင်မီ အသက်ကယ်အင်္ကျီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ရွာကို ကျောင်းလာတက်ကြတဲ့ ကလေးတွေ လိုက်ပါလာခဲ့တဲ့ ကူးတို့လှေနစ်မြုပ်သွားတဲ့အတွက် အရင်နှစ်က ကျောင်းသား ၇ ယောက် သေသွားပါတယ်။ အရင်နှစ်ကလိုမျိုး အဖြစ်ဆိုးနဲ့ မကြုံရအောင် သူတို့အတွက် အသက်ကယ်အင်္ကျီတွေ လှူပေးနိုင်မယ့် အလှူရှင်တွေ လိုအပ်နေပါတယ် ” ဟု ဦးကံသိန်းမောင်က ပြောသည်။

ယခုနှစ်တွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျောင်းသူ/သား၊ ဆရာ/မများအတွက် အသက်ကယ်အင်္ကျီများကို ပေးအပ်နိုင်ရန် စီစဉ်လျှက်ရှိပြီး လှူဒါန်းလိုသူများအနေဖြင့်လည်း ၀၉၂၆၃၀၀၇၂၂၆၊ ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကံသိန်းမောင် ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly