၂၀၁၇-၁၈ ဘောလုံးရာသီကုန်တွင် ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်ရန် ဟာရီကိန်း ပစ်မှတ်ထားနေ

၂၀၁၇-၁၈ ဘောလုံးရာသီကုန်တွင် ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်ရန် ဟာရီကိန်း ပစ်မှတ်ထားနေ

မေ ၂၀၊ လန်ဒန်။              ။ တော့တင်ဟမ်တိုက်စစ်မှူး ဟာရီကိန်းသည် ၂၀၁၇-၁၈ ဘောလုံးရာသီကုန်တွင် ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်ရန် ပစ်မှတ်ထား နေသည်။

ကြာသပတေးနေ့က လက်စတာအသင်းဘက်သို့ လေးဂိုးသွင်းနိုင်ခဲ့သည့် အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးသည် စပါးအသင်း အတွက် ၁၁၅ ပွဲကစားပြီး လိဂ်ဂိုး ၇၅ ဂိုးပြည့်သွားပြီသည်။ လက်ရှိရာသီပရီးမီးယားလိဂ်သွင်းဂိုးမှာ ၂၆ ဂိုးရှိနေပြီဖြစ်ပြီး ဂိုးသွင်း အများဆုံး ကစားသမားစာရင်းကို ဦးဆောင်နေသည်။

ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုး ၁၀၀ ပြည့်အောင်သွင်းနိုင်သည့်ကစားသမားမှာ ၂၆ ဦးသာရှိသေးသည်။ “အဲဒါက သိပ်ကောင်းတဲ့ အောင်မြင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။

တကယ်လို့ နောက်ရာသီမှာ ကျွန်တော်ဂိုး ၁၀၀ ပြည့်သွားခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲလို့တောင် ပြောခဲ့ဖူးပါသေးတယ်။ ကျွန်တော် ဂုဏ်အယူမိဆုံးကတော့ ဒဏ်ရာကြီးနှစ်ခုရပြီး ၁၁ ပတ်လောက်နားရတဲ့တိုင်အောင် ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးမှာရှိ နေသေးပြီး ပြိုင်ပွဲစုံ ဂိုး ၃၀ ကျော်သွင်းနိုင်တဲ့ အောင်မြင်မှုပါပဲ”ဟု ကိန်းက ပြောသည်။

ကိန်းသည် ခြေကျင်းဝတ်ဒဏ်ရာနှစ်ခုကြောင့် စက်တင်ဘာလအလယ်မှ နိုဝင်ဘာအစောပိုင်းထိ ခုနစ်ပတ်ကြာ၊ မတ်နှင့် ဧပြီ အကြား တစ်လအကြာ အနားယူခဲ့ရသည်။

ကိန်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ၃၈ ပွဲကစား ၂၅ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly