ဒုတိယအကြိမ် ပင်လုံညီလာခံ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀၀ခန့် ထားရှိပေးမည်

ဒုတိယအကြိမ် ပင်လုံညီလာခံ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀၀ခန့် ထားရှိပေးမည်

နေပြည်တော်၊ မေ ၁၇ ။             ။ လာမယ့် မေလ ၂၄ရက်တွင် နေပြည်တော်၌  ကျင်းပမည့် ဒုတိယ အကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၁၂၀၀ခန့် ထားရှိမည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

အဆိုပါ လုံခြုံရေးအင်အားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရဲ့ လုံခြုံရေးရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် (ရကဖ)က ပေးသွားမည်ဖြစ်ပြီး၊ လုံခြုံရေး အပိုင်းအနေဖြင့် ပုံမှန်လုပ်နေကျ အပိုင်း (၇) ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဟုပြောသည်။

“ထုံးစံအတိုင်း အပိုင်း(၇) ပိုင်း၊ ဦးတို့နေပြည်တော် ရဲတပ်ဖွဲ့ အနေနဲ့ကတော့ နယ်မြေလုံခြုံရေးရယ်၊ အရေးပေါ်လုံခြုံရေးရယ် ဒါနဲ့ပတ်သက်ပြီးတော့မှ တာဝန်ယူပြီးတော့မှဆောင်ရွက်သွားမှာ” ရဲမှူးကြီးက ဆိုသည်။

အစည်းအဝေးကျင်းပမည့် နေပြည်တော်ရှိ MICC (2)၊ အပြင် အဆိုပါငြိမ်းချမ်းရေး ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ တည်းခိုမည့် နေရာများအထိပါ လုံခြုံရေးအင်အားများ ထားရှိမည်   ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

ဒုတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအစည်းအဝေးကို မေလ (၂၄) ရက်မှ မေလ(၂၈) ရက်အထိ ငါးရက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ ဒုသမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ၊ လေ့လာသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly