မောင်တောတွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူ ၆ ဦး ဖမ်းဆီးရမိ၊ နှစ်ဦး လှေပေါ်မှခုန်ချ ထွက်ပြေး

မောင်တောတွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူ ၆ ဦး ဖမ်းဆီးရမိ၊ နှစ်ဦး လှေပေါ်မှခုန်ချ ထွက်ပြေး
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ရန်ကုန်၊ မေလ ၁၆ ။             ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တစ်ဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှ လှေဖြင့် တရားမဝင် ဝင်ရောက်လာသူ ၆ ဦးအား ရေတွင်းကျွန်းချောင်းဝကင်းစခန်းမှ ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးမှာ လှေပေါ်မှ ခုန်ချထွက်ပြေးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ မေလ ၁၆ ရက်က သတင်းထုတ်ပြန်သည်။

အဆိုပါ တရားမဝင် ဝင်ရောက်လာသူ ၆ ဦးကို မေလ ၁၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ရေတွင်းကျွန်း ချောင်းဝကင်းစခန်းမှ တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် သူများအား စစ်ဆေးရာ ယင်းလှေပေါ်တွင် ၈ ဦးပါရှိပြီး အမျိုးသား နှစ်ဦးမှာ လှေပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့ပြီး အဆိုပါ ထွက်ပြေးသူနှစ်ဦးမှာ ဦးရှည်ကျ ကျေးရွာတွင် နေထိုင်သော ဆာဒက်နှင့် ရော်ဖီးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly