ဟားဗတ်တက္ကသိုလ်၌ စာသင်ကြားနိုင်ရန် ကျောင်းသူတစ်ဦးကို အဆိုတော် Stormzy ကူညီ

ဟားဗတ်တက္ကသိုလ်၌ စာသင်ကြားနိုင်ရန် ကျောင်းသူတစ်ဦးကို အဆိုတော် Stormzy ကူညီ

ဗြိတိန်နိုင်ငံသား ဟစ်ဟော့အဆိုတော် Stormzy သည် ကျောင်းသူလေးတစ်ဦးကို အမေရိကန်ရှိ ဟားဗတ် တက္ကသိုလ်သို့ တက်ရောက်သင်ယူနိုင်ရန်အတွက် အလှူငွေ စတာလင်ပေါင် ၉၀၀၀ ထည့်ဝင် လှူဒါန်းခဲ့သည်။

ဖီရိုနာအက်ဆီဒူဟု အမည်ရသော အောက်စ်ဖို့တက္ကသိုလ်မှ ကျောင်းသူလေးတစ်ဦးသည် ဟားဗတ်၌တက် ရောက်နိုင်ရန်အတွက် သင်ကြားမှုစရိတ်နှင့် အခြားကုန်ကျစရိတ်များ လိုအပ်နေသောကြောင့် တွစ်တာပေါ်မှ တဆင့် အလှူခံခဲ့ပြီး လေးပတ်အတွင်း စတာလင်ပေါင် ၁၂၀၀၀ ခန့် ရရှိရန် မျှော်မှန်းထားခဲ့သည်။

သို့သော်လည်း သူမ၏ ရည်မှန်းချက် ပြည့်မြောက်ရန်အတွက် ၂၄ နာရီခန့်သာ ကြာမြင့်ခဲ့ပြီး သူမလိုအပ်သော ငွေကြေး၏ အများစုကို Stormzy က လှူဒါန်းခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့တွင် Stormzy က ဖီရိုနာ၏ အလှူခံမှုကို အားဖြည့်ကူညီပေးရန် သဘောတူညီကြောင်း တွစ်တာမှပြောကြားခဲ့ပြီး ငွေများကို သူကိုယ်တိုင် သူမအား ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းမှုကို Stormzy ၏ နာမည်ရင်း မိုက်ကယ်အက်ဘီနေဇာ ကွာဂျိုအိုမာရီအိုဝူအို ဂျူနီယာ ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သူ၏ ကိုယ်စားလှယ်များက အတည်ပြုခဲ့သည်။

လန်ဒန်တောင်ပိုင်း တူလ်ဆီဟေးလ်မှ ကျောင်းသူလေး ဖီရိုနာအက်ဆီဒူသည် လာမည့်သြဂုတ်လတွင် ဟားဗတ် တက္ကသိုလ်၌ လူသားဖွံ့ဖြိုးတိုးတက်ရေးနှင့် စိတ်ပညာဘာသာရပ်ကို တက်ရောက်သင်ယူမည် ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags