ချယ်လ်ဆီးအတွက် ခက်ခဲသည့်အလုပ်များ စတင်တော့မည်ဟု အာစင်ဝင်းဂါး သတိပေး

ချယ်လ်ဆီးအတွက် ခက်ခဲသည့်အလုပ်များ စတင်တော့မည်ဟု အာစင်ဝင်းဂါး သတိပေး

မေ ၁၅၊ လန်ဒန်။                 ။ ချန်ပီယံလိဂ်ဖလားနောက်ကို ပြန်လိုက်နိုင်ပြီဖြစ်၍ ချယ်လ်ဆီးအသင်းပရီးမီးယားလိဂ်ဘဝမှာ ပိုမိုရှုပ်ထွေးလာတော့မည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သတိပေးပြောဆိုလိုက်သည်။

လန်ဒန်မြို့ခံပြိုင်ဘက်၏ ပရီးမီးယားလိဂ်ဖလား အပြတ်အသတ်ရယူနိုင်မှုကို အာစင်ဝင်းဂါးကချီးကျူးခဲ့သော်လည်း ပြည်တွင်းဖလားနှစ်လုံးနှင့် ဥရောပပြိုင်ပွဲ၏ ဖိအားတို့ကြောင့် ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ရန်ပိုခက်ခဲမည်ဟု ၎င်းကယုံကြည်နေ သည်။

“ချယ်လ်ဆီးအသင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေ ဟာ ဥရောပပွဲတွေ မကစားရတဲ့အသင်းတွေပါ။

ချယ်လ်ဆီးအသင်းလုပ်ခဲ့တာတွေအတွက် ကျွန်တော်ဂုဏ်ပြုပါတယ်။ ဒါပေမဲ့သူတို့ ဥရောပပွဲတွေကစားရတဲ့အခါ ကွဲပြားတဲ့ အနေအထားနဲ့ ကြုံရပါလိမ့်မယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly