“နင်ပျော်ပါစေ” ဟု သွေးဖြင့် စာရေးခဲ့ပြီး ကြိုးဆွဲချသေဆုံးမှု နေပြည်တော်တွင် ဖြစ်ပွား

“နင်ပျော်ပါစေ” ဟု သွေးဖြင့် စာရေးခဲ့ပြီး ကြိုးဆွဲချသေဆုံးမှု နေပြည်တော်တွင် ဖြစ်ပွား

နေပြည်တော်(မေလ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ စက္ကူကဒ်ထူပေါ်တွင် “နင်ပျော်ပါစေ” ဟူ၍ သွေးဖြင့် စာရေးသားထားခဲ့ပြီးနောက် ကြိုးဆွဲချသေဆုံးမှုဖြစ်စဉ်တစ်ခု နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်တွင် မေလ ၁၄ရက်၊ ည ၈နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ကုသရေးဌာနမှ အသက်(၂၉)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ ရန်ကုန်သို့ ခရီးသွားနေစဉ် နေအိမ်အိပ်ခန်း(ရိုးရိုးခန်း)အဝင် အလေးပုခက်လုပ်ထားသောတန်းတွင် ပလပ်စတစ်ကြိုး နီပြာရောင်အား ကွင်းလျောပြုလုပ်ကာ ပလပ်စတစ်ခုံပု အပြာရောင်ပေါ်မှ တက်၍ ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

သေဆုံးသူသည် ၎င်း၏ ညာဘက်လက်ဖျံအား ဓားဖြင့် (၁၁)ချက် မွန်းထားရာမှ ရသော သွေးဖြင့် “နင်ပျော်ပါစေ” ဟူ၍ စက္ကူကဒ်ထူပေါ်တွင် စာရေးသားထားရှိခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် ပါရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် နမစ(၇)၏ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၇)ဖြင့် အလောင်းအား ဆေးစာရေးသား၍ နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးသို့ ပေးပို့ရာ PR –(၁/၂၀၁၇)ဖြင့် လက်ခံထားရှိသည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly