တောင်ကိုရီးယားသမ္မတသစ်က မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချ

တောင်ကိုရီးယားသမ္မတသစ်က မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချ

ဆိုးလ်၊ မေ ၁၅ ။                  ။ မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုသည် အဆင်အခြင်မဲ့ ရန်စသည့် လုပပ်ရပ်အဖြစ် တောင်ကိုရီးယားသမ္မတသစ် မွန်းဂျေအင်းက မေ ၁၄ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။

မွန်းဂျေအင်းက သမ္မတသစ်အဖြစ် ကျမ်းသစ္စာဆိုပြီးချိန် မြောက်ကိုရီးယားက ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းသည် တောင်ပိုင်းကအစိုးရကို အကဲစမ်းလိုက်ဟန်လည်း ရှိသည်။

“တောင်ကိုရီးယားနိုင်ငံမှာ အစိုးရသစ် စတင်ချိန်လေးမှာပဲ မြောက်ကိုရီးယားရဲ့ ခုလို  အဆင်အခြင်မဲ့ရန်စတဲ့ လုပ်ရပ်ကြောင်း သမ္မတမွန်းဂျေအင်းက တော်တော်စိတ်မကောင်းဖြစ်ရတယ်။”ဟု သမ္မတမွန်းဂျေအင်း အမျိုးသားလုံခြုံရေးအကြံပေးများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသည် အကြီးစားနျူကလီးယားထိပ်ဖူးတင်ဆောင်စွမ်းသည့် ဒုံးကျည်အမျိုးအစားသစ်အား မေ ၁၄ ရက်က  စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း အတည်ပြုကြေညာသည်။

အဆိုပါ ဒုံးကျည်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ကီလိုမီတာ ၂၀၀၀ မှ ပျံသန်းကာ အကွအဝေး ၇၀၀ ကီလိုမီတာအထိ ရောက်ရှိပြီး ဂျပန်ပင်လယ်အတွင်း ကျဆင်းခဲ့သည်။

တောာင်ကိုရီးယား သမ္မတ မွန်းဂျေအင်းသည် မြောက်ကိုရီးယားအပေါ် ပျော့ပျောင်းသည့် သဘောထားရှိထားကာ ဆက်ဆံရေးမြှင့်တင်သွားလိုသည်ဟု ပြောဆိုထားဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly