ပေါက်တောမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတချို့မှာ သောက်သုံးရေရှားပါးမှုဖြစ်ပေါ်

ပေါက်တောမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတချို့မှာ သောက်သုံးရေရှားပါးမှုဖြစ်ပေါ်
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

ပေါက်တော၊ မေ ၁၃ ရက်။       ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ မြို့ပေါ်ရပ်များနှင့် ကျေးရွာတချို့၌ ယခုလအတွင်းမှစတင်ကာ သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ရေရှားပါးမှုကို ရင်ဆိုင်နေရသည့်ဒေသများမှာ ပေါက်တောမြို့ပေါ်ရှိ ရပ်ကွက်တချို့နှင့် ဂင်းချောင်းကျေး ရွာအုပ်စုမှ ကျေးရွာများ၊ ဖဒူရွာ၊ ပြင်ဖြူချိုင်၊ င/ ရီချိုင် စသည့်ကျေးရွာများအပြင်   ကျေးရွာအမြောက်အများမှာ ရေရှားပါးမှုကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပွားလျှက်ရှိကြ ကြောင်း ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

 “အဲ့ဒီရွာတွေမှာ သုံးရေထက် သောက်ရေက အဓိကရှားပါးနေပြီးတော့ သူတို့အဆင်ပြေရင် ပြေသလို သူများရွာတွေ ကခပ်ပြီး သောက်သုံးနေကြရတယ်။ ရေရှားပါးတဲ့အတွက် ရေကြောင့်ဖြစ်တတ်တဲ့   ရောဂါတွေကိုလဲ စိုးရိမ်နေရတယ်” ဟု ဦးအောင်ကျော်ထွီးက ပြောသည်။

လက်ရှိတွင် သောက်သုံးရေရှားပါးလာနေသဖြင့် နီးစပ်ရာနေရောများမှရေများကို ဖြစ်သလိုသောက်သုံး နေကြရသည့် အတွက် အမ်းမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှ ကျေးရွာတချို့တို့တွင် ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုများကို ရင်ဆိုင်နေကြရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly