ပြည်​​မြို့နယ်​ NLD ပါတီ​ခေါင်​း​ဆောင်​တစ်​ချို့ကို တိုင်​းNLD စည်​းကမ်​းထိန်​းသိမ်​း​ရေးက စစ်​​ဆေး

ပြည်​​မြို့နယ်​ NLD ပါတီ​ခေါင်​း​ဆောင်​တစ်​ချို့ကို တိုင်​းNLD စည်​းကမ်​းထိန်​းသိမ်​း​ရေးက စစ်​​ဆေး

ပြည်၊ မေ ၁၃ ။         ။ ပဲခူးတိုင်း NLD စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က  ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ မြို့နယ် ဥက္ကဋ္ဌ ၊ မြို့နယ်နှင့်ရပ်ကျေးကော်မတီ များနှင့်ပတ်သတ်သည့် တိုင်ကြားစာ ၅ ခုကို မေလ ၁၃ ရက်တွင် စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

"တစ်ဖွဲ့ပြီး တစ်ဖွဲ့စစ်တယ်။ တိုင်ကြားသူများကို စစ်တယ် ။ သက်သေများကို စစ်တယ်။ နောက်ပြီးမှ တိုင်ကြားခံရသူကို စစ်တယ် ။ တိုင်ကြားခံရတဲ့သက်သေကို စစ်တယ်"ဟု တိုင်း NLD စည်းကမ်းထိန်း သိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးစိုးသိန်းက ဆိုသည်။

ပြည်မြို့ နယ် NLD ပါတီဝင် ခေါင်းဆောင်အချို့ ကို အရေးယူပေးရန် ပါတီအတွင်းတိုင်ကြားမှု သုံးမှု၊ အရပ်ဖက်တိုင်ကြားမှု နှစ်ခု ရှိခဲ့သည်။

ထို တိုင်ကြားစာ ငါးခုနှင့်ပတ်သတ်ပြီး  ပဲခူးတိုင်း NLD စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုယ်စား လွှတ်တော်အမတ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မတီ ၉ ဦးက စစ်ဆေးခဲ့ခြင်းဖြစ်သည်။

"ပါတီစည်းကမ်းမူ ဆယ့်လေးချက်နဲ့ တကယ်ထိလာပြီဆိုရင် တို့က ဒါကိုတရားဝင်အနေနဲ့ ပြတ်ပြတ်သားသားဆောင်ရွက်မယ် "ဟု လည်း တိုင်း NLD စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးစိုးသိန်းက ပြောသည်။

ယနေ့ မေလ ၁၃ရက်တွင် ပြည်ခရိုင်NLD ရုံးတွင် တိုင်ကြားစာသုံးစောင်ကို စစ်ဆေးခဲ့ပြီး မေလ ၁၄ ရက်တွင် တိုင်ကြားစာနှစ်ခုကို ထပ်မံစစ်ဆေးမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အချက်အလက်များကို ပါတီဗဟိုရ် သို့ တင်ပြမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags