ကျောက်တော်မြို့ ပန်းခြံအတွင်း ဆရာတော် ဦးဥတ္တမကြေးရုပ်တု စိုက်ထူမည်

ကျောက်တော်မြို့ ပန်းခြံအတွင်း ဆရာတော် ဦးဥတ္တမကြေးရုပ်တု စိုက်ထူမည်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ဆရာတော်ဦးဥတ္တမ ကြေးသွန်းရုပ်တုအား အများပြည်သူဖူးမျှော်နိုင်ရန်အတွက် ပန်းခြံအတွင်းထားရှိ ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရုပ်တုတော်ကို မြောက်ဦးမြို့တွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့က သွန်းလုပ်မှု ပြီးစီးသွားပြီဖြစ်ကာ ဆရာတော်၏ ရုပ်တုတော်အား ထားရှိနိုင်ရန်အတွက် ကျောက်တော်မြို့ သင်္ဘောဆိပ်အနီးရှိ ပန်းခြံ၌ နေရာပြင်ဆင်ရှင်းလင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ ဒီရုပ်ထုကို လွန်ခဲ့တဲ့ ၉ လလောက်ကနေ မြောက်ဦးမှာ သွန်းလုပ်နေခဲ့တာပါ။ မနေ့ကတော့ပြီးပါပြီ။ ဒါပေမဲ့ ရုပ်ထုကို တည်ထားစိုက်ထူမယ့် ကွန်ကရစ်ဖောင်ဒေးရှင်းနဲ့   ပန်းခြံကို   ပြုပြင်ဆောက်လုပ်နေတာကြောင့် အမြန်တော့လုပ်နေကြပါတယ်။ ဆောက်လုပ်ပြီးရင် ဒေသစာရီကြွ အပူဇော်ခံကာ ပင့်ဆောင်သွားပါမယ်” ဟု ဆရာတော်ဦးဥတ္တမရုပ်တု ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်ထွန်းခင်က ပြောသည်။

ဆရာတော် ဦးဥတ္တမသည် ရခိုင်ပြည်နယ်အတွက်သာမက မြန်မာပြည်နှင့် အာရှတိုက်တစ်ခုလုံး အတွက် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သဖြင့် ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ရုပ်တုတော်ကို စိုက်ထူးခြင်းဖြစ်ကာ နှစ်စဉ် စက်တင်ဘာလ ၉ ရက်နေ့ရောက်တိုင်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် နေရာအနှံအပြား၌ ကျင်းပပြုလုပ်လျှက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly