ဂျေဇီ၏ ပိုင်ဆိုင်မှုငွေကြေးများ မြင့်တက်လာသော်လည်း အချမ်းသာဆုံးရက်ပ်အဆိုတော်စာရင်း၌ ဒစ်ဒီဦးဆောင်

ဂျေဇီ၏ ပိုင်ဆိုင်မှုငွေကြေးများ မြင့်တက်လာသော်လည်း အချမ်းသာဆုံးရက်ပ်အဆိုတော်စာရင်း၌ ဒစ်ဒီဦးဆောင်

နာမည်ကျော်ရက်ပ်အဆိုတော် ဂျေဇီ၏ ပိုင်ဆိုင်မှုငွေကြေးများသည် ၃၀ ရာခိုင်နှုန်းခန့်မြင့်တက်လာကာ ခန့်မှန်း ချေအရ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာသန်း ၈၁၀ ခန့်ရှိကြောင်း Frobes မဂ္ဂဇင်းမှ ဖော်ပြခဲ့သည်။

သို့သော်လည်း ထိုပိုင်ဆိုင်မှုသည် Forbes မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်သော ကမ္ဘာ့အချမ်းသာဆုံးဟစ်ဟော့ပ် အနုပညာရှင်စာရင်း၌ ထိပ်ဆုံးမှဦးဆောင်နေသည့် ရှောင်ဒစ်ဒီကို ကျော်ဖြတ်ဖို့ မလုံလောက်သေးကြောင်း သိရသည်။

ရက်ပ်အဆိုတော် ရှောင်ဒစ်ဒီသည် အချမ်းသာဆုံးဟစ်ဟော့ပ် အနုပညာရှင်စာရင်း၌ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာသန်း ၈၂၀ဖြင့် ထိပ်ဆုံးမှဦးဆောင်နေသည်။

ထို့သို့ထိပ်ဆုံးမှရပ်တည်နိုင်ခြင်းမှာ ဒီယေဂိုနှင့် ချုပ်ဆိုထားသော Ciroc ဗော့ကာ စာချုပ်နှင့် သူ၏ ရှောင်ဂျွန် အဝတ်အထည် လုပ်ငန်းတို့မှ ဝင်ငွေများကြောင့်ဖြစ်ကြောင်း Forbes က ထုတ်ပြန်ခဲ့သည်။

သူ၏နောက်တွင် ရက်ပ်အဆိုတော်နှင့် ထုတ်လုပ်သူဖြစ်သူ ဂျေဇီက ရပ်တည်လျက်ရှိပြီး ဂျေဇီသည် အမေရိကန် မိုဘိုင်းလ်ဖုန်းနှင့် ဆက်သွယ်ရေးကုမ္ပဏီ Sprint နှင့်အတူ ပြီးခဲ့သော ဇန်နဝါရီလက သီချင်းထုတ်လွှတ်ခြင်း ဝန်ဆောင်မှုအတွက် ဒေါ်လာသန်း ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။

ဒါ့အပြင် ဂျေဇီသည် အာမန်ဒီဘရစ်နက် အမည်ရှိသော ရှန်ပိန်လုပ်ငန်းနှင့် ရော့နေးရှင်းအမည်ရှိ ဖျော်ဖြေရေး လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားသည်။

ပြီးခဲ့သောနှစ်က ရှောင်ဒစ်ဒီသည် ပိုင်ဆိုင်မှု ဒေါ်လာသန်း ၇၅၀ခန့်ရှိခဲ့ပြီး ဂျေဇီက ပိုင်ဆိုင်မှု ဒေါ်လာသန်း ၆၁၀ ခန့် ရှိခဲ့သောကြောင့် ယခုနှစ်တွင် သူတို့နှစ်ဦး၏ ပိုင်ဆိုင်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags