ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း အသတ်ခံရမှု စစ်ဆေးရန် နှစ်ကြိမ်မြောက် ပျက်ကွက်

ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း အသတ်ခံရမှု စစ်ဆေးရန် နှစ်ကြိမ်မြောက် ပျက်ကွက်

ရန်ကုန်၊ မေလ ၁၂ ။            ။ ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ ရန်ကုန်လေဆိပ်တွင် အသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက် ပြီး ယနေ့ မေလ ၁၂ ရက်နေ့တွင်   သေနတ်သမားကြည်လင်းအပါ လေးဦးကို ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး တွင် ရုံးထုတ်ခဲ့သော်လည်း အမှုစစ်ဆေးရန် နှစ်ကြိမ်မြောက်ပျက်ကွက်ခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဧပြီလ ၂၈ ရက်နေ့တွင် သေနတ်သမားကြည်လင်းနှင့် အောင်ဝင်းဇော်တို့သက် ဆိုင်သော လက်နက်မှုအတွက် လိုပြသက်သေများကို စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း ခွင့်တိုင်ကြားခဲ့သဖြင့် အမှုစစ်ဆေးရန် ပထမအကြိမ် ပျက်ကွက်ခဲ့ပြီး ယခု ဒုတိယအကြိမ်ဖြစ်သည်။

" အခုအခြေအနေမှာ ရှေ့နေဦးကိုနီဘက်ကနေ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ရာဇဝတ်ဆိုင်ရာ ပြင်ဆင်မှုအတွက် အမှုကရောက်နေပြီးတော့ ဒီပြင်ဆင်မှုအတွက် နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးသွားပြီေ ပါ့။ အခုက အမိန့်ချဖို့စောင့်နေတယ်။ အမိန့်မချသေးတဲ့အတွက် အမှုကိုဆက်စစ်ဖို့မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ခရိုင်တရားရုံးက လာမယ့် နှစ်ပတ်ကိုပြန်ချိန်းလိုက်တာပေါ့နော်"ဟု   ရှေ့နေဦးကိုနီမိသားစုဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလက မဇ္ဈိမသို့ ပြောသည်။

ရှေ့နေဦးကိုနီအသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး တရားခံပြေးအောင်ဝင်းခိုင်အတွက် ဖမ်းဝရမ်း အသစ် ထပ်မံထုတ်ပေးရန်နှင့် တရားခံပြေးအမှုစစ်ဆေးရာတွင် ပြည့်စုံလုံလောက်မှုမရှိသည့်အတွက် လုပ်ထုံးလုပ်နည်း အားနည်းချက်ရှိနေသည်ဆိုသော အချက်နှစ်ချက်ကို တရားလိုရှေ့နေဦးကိုနီမိသားစုဘက်မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင်   ပြင်ဆင်ခွင့်တက်ထားကြောင်း   ရှေ့နေဦးနေလက ပြောသည်။

အဆိုပါအမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးရန် လာမည့် မေလ ၂၆ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်သည်။

ဖြစ်စဉ်မှာ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် အနီးကပ် ပစ် ခတ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကြည်လင်းကို ဖမ်းဆီးပေးခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly