မင်္ဂလာတောင်ညွန့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်မဟုတ်မှန်ဟု ပြောဆို

မင်္ဂလာတောင်ညွန့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်မဟုတ်မှန်ဟု ပြောဆို

ရန်ကုန်၊ မေ ၁၁ ။            ။ မေလ ၉ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၏ ပြောကြားချက်များ မဟုတ်မှန်ကြောင်း  မျိုးချစ်ရဟန်းတော်များသမဂ္ဂဘက်က ပြောဆိုလိုက်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၃လမ်းမှာ တရားမဝင်နေထိုင်သူတွေရှိနေကြောင်း တိုင်ကြားခဲ့သည့်အတွက် ရှာဖွေခဲ့သည်ဟု ဆိုသော ကိစ္စရပ်အပေါ် ယနေ့ ရန်ကုန်မြို့ City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ၏ ဗီဒီယိုဖိုင် တစ်ခုချင်းစီဖွင့်ပြကာ  ရူံ့ချကြောင်း သတင်းစာရှင်းလင်းပွဲတွင် မျိုးချစ်ရဟန်းတော်များသမဂ္ဂဘက်က ပြောသည်။

"လွှတ်တော်ကိုယ်စားလှယ်ဆိုပေမဲ့ ရဲစခန်းလည်းရောက်မလာသလို အခင်းဖြစ်တဲ့နေရာကိုလည်း ရောက်လာတဲ့သူ မဟုတ်ပါဘူး ။ နောက်ကနေမှ ကြားတဲ့စကားမျိုးကို မှန်ကန်မှုတိကျမှုမရှိဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်ပါဆိုပြီးတော့ ပြောချင်သလိုပြော ပြောနေတဲ့ စကားပဲဖြစ်ပါတယ်။ အခု ဦးဇင်းစိတ္တပြောတဲ့စကားနဲ့ ဒေါ်ဖြူဖြူသင်းပြောတဲ့စကားက မှားတယ်ဆိုရင် မှားတဲ့သူကို အရေးယူမယ်ဆိုရင် အရေးယူလို့ရပါတယ် ။ မှတ်တမ်းတွေလည်း ရှိပါတယ်"ဟု မျိုးချစ်ရဟန်းပျိုများသမဂ္ဂမှ အတွင်းရေးမှူး ဦးသုစိတ္တက ပြောပါတယ်။

အဆိုပါ ဖြေကြားချက်များမှာ ကိုယ်တိုင်သဘောထားမဟုတ်ဘဲ ကာယကံရျင်များ၏ ပြောပြချက်များဖြစ်ပြီး အသံဖိုင်၊ ဗီဒီယိုဖိုင်များရှိသည်ဟု မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက တုံ့ပြန်ပြောဆိုသည်။

"ကျွန်တော်တို့ကိုယ်တိုင်က ကျွန်တော်တို့ သဘောထားနဲ့ပြောတာ ဘာမှမရှိပါဘူး။ ကာယကံရှင် ပြောပြတဲ့အချက်အလတ်ကို ကျွန်တော်တို့သိတယ် ။ သိတဲ့အချက်အလက်ကို ပြန်ပြီးပြောပြတာပဲ ရှိပါတယ် ။ အချက်အလက်ဆိုတာလည်း ပြောပြရုံတင် နားထောင်တာမဟုတ်ပါဘူး။ အသံဖိုင်တွေရှိပါတယ် ။ ဗီဒီယိုဖိုင်တွေ ကျွန်တော်တို့ သိမ်းထားပါတယ်"လို့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

မင်္ဂလာတောင်ညွှန်မြို့နယ်၌ မေ ၉ရက်က ရုန်းရင်းဆန်ခတ်ဖြစ်သည့် ကိစ္စဟာ ငွေရေးကြေးရေး ပြဿနာကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက မီဒီယာများသို့ ဖြေကြားထားသည်။

ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါနေရာအား တက်ရောက်စစ်ဆေးရာမှာ ပါဝင်သော ဦးကိုလတ်က အဆိုပါအဆောက်အဦ ၈လွှာတွင် စာရွက်စာတမ်းမခိုင်လုံသော လူတစ်ယောက်တွေ့ရှိကြောင်း  ပြောခဲ့သည်။

"သန်းခေါင်စာရင်းက မိတ္တူအပြဲ ၊ မှတ်ပုံတင်နံပါတ်ကို ရွတ်ခိုင်းတော့ မေ့နေတယ် ။ ကဲ အဲဒါဆို သွားယူပြီးပြဆိုတော့ ပျောက်နေတယ် ။ ဘယ်နေရာတိုင်ထားလဲဆိုတော့ ဘယ်နေရာမှ မတိုင်ထားဘူး ။ အဲဒါနဲ့ စခန်းကိုခေါ်ပြီး ဒီဟာတိတိကျကျ အဖြေပေါ်ပြီး မေးမြန်းရင်ကောင်းမယ် ။ တကယ်လို့သာ သူ့ဆီက မှတ်ပုံတင်တွေဘာတွေ တွေ့တယ်ဆိုလည်း ပြန်လွှတ်လိုက်ပေါ့ မတွေ့သေးတဲ့အခါကျတော့ မေးမြန်းသင့်တယ်ဆိုပြီး အကြံပြုတယ်"ဟု အမျိုးသားရေးလှုပ်ရှားသူ ဦးကိုလတ်က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်းမှာ ဧပြီ ၉ ရက်ည ၁၀နာရီခန့်က နေအိမ်အထပ်မြင့်တစ်ခုအား အမျိုးသားရေးအင်အားစု ဟုဆိုသော အဖွဲ့က တက်ရောက်စစ်ဆေးရာမှ ရပ်ကွက်ခံတစ်ချို့နှင့် ပြသနာဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly