ဂျာမနီနှင့်ခြေစမ်းပွဲမှအပြုအမူကြောင့် အင်္ဂလန်ပရိသတ်အတော်များများ ပိတ်ပင်ခံရ

ဂျာမနီနှင့်ခြေစမ်းပွဲမှအပြုအမူကြောင့် အင်္ဂလန်ပရိသတ်အတော်များများ ပိတ်ပင်ခံရ

မေ ၁၁၊ လန်ဒန်။            ။ မတ်လအတွင်း ဂျာမနီနှင့်ကစားခဲ့သည့်ခြေစမ်းပွဲမှ လက်ခံနိုင်ဖွယ်မရှိသည့်အပြုအမူကြောင့် အင်္ဂလန်ပရိသတ်အဖွဲ့အစည်း Travel Club မှ အဖွဲ့ဝင်အတော်များများကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့လိုက်သည်။

ဒေါ့မွန်တွင် အင်္ဂလန်အသင်း ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲ၌ အဝေးကွင်းပရိသတ်အချို့မှာ ဂျာမနီနိုင်ငံတော်သီချင်းကို လှောင်ပြောင် ခြင်း၊ ဒုတိယကမ္ဘာစစ်ကိုရည်ညွှန်းသည့် သံချပ်များကြွေးကြော်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ယင်းမှာ လေးစားမှုကင်းမဲ့ပြီး စိတ်ပျက်စရာကောင်းသည့်အပြုအမူဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရတ်ကလာ့ခ်က ပြောသည်။

စုံစမ်းမှုများကိုဆက်လက်လုပ်ဆောင်နေပြီး အက်ဖ်အေက အရေးယူမှုများထပ်မံပြုလုပ်သွားဦးမည်ဖြစ်သည်။ “ကျူးလွန်ခဲ့သူတွေ ကို ခွဲခြားသိရှိနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

အဲဒီထဲက တချို့ဟာ အင်္ဂလန်ပရိသတ်အဖွဲ့အစည်း Travel Club အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်ငံ့ထားပြီး အင်္ဂလန်ရဲ့ဘောလုံး စည်းကမ်းတွေအရလည်း ပွဲကြည့်ခွင့်ပိတ်တာမျိုးတွေအထိပါ လုပ်ဖို့ရှိနေပါတယ်။

ဒီနေ့ထိ အဖွဲ့ဝင် ၃၄ ဦးဟာ သူတို့ရဲ့အပြုအမူအတွက် အက်ဖ်အေရဲ့စစ်ဆေးခံရပြီးဖြစ်ပြီး သူတို့ထဲက တချို့ဟာ အဖွဲ့ဝင်အဖြစ် ကနေ ပိတ်ပင်ခံထားရပါတယ်”ဟု အက်ဖ်အေ၏ ကြေညာချက်တွင်ရေးထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags