နည်းပြပီအိုလီကို အင်တာမီလန်အသင်း ရာထူးမှ ထုတ်ပယ်

နည်းပြပီအိုလီကို အင်တာမီလန်အသင်း ရာထူးမှ ထုတ်ပယ်

မေ ၁၀၊ အီတလီ ။          ။ အသင်း၏ ဆိုးရွားနေသောရလဒ်များကြောင့် အင်တာမီလန်အသင်းသည် နည်းပြပီအိုလီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

အင်တာမီလန်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရပြီး ရမှတ် ၅၆ မှတ်ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိသည်။ လက်ရှိတွင် အဆင့်ခြောက်နေရာမှ   အေစီမီလန်နှင့် ၃ မှတ်၊ အဆင့်ငါးမှ အတ္တလန္တာအသင်းနှင့် ကိုးမှတ်အထိကွာဟလျက်ရှိသည်။ စီးရီးအေပြိုင်ပွဲပြီးဆုံးရန် သုံးပွဲသာ ကျန်ရှိတော့တာကြောင့် အင်တာမီလန်အသင်းမှာ ဥရောပပြိုင်ပွဲဝင်ခွင့် ထပ်မံဆုံးရှုံးဖွယ်ရှိနေသည်။

အင်တာမီလန်အသင်းသည် ယခုနှစ်ရာသီတွင် တတိယမြောက်နည်းပြအပြောင်းအလဲဖြစ်သည်။ ရာသီအစက မန်စီနီ၏ နေရာတွင် ဖရန့်ဒီဘိုးဝါးနှင့် အစားထိုးခဲ့ပြီး ဒီဘိုးဝါးနေရာတွင် ပီအိုလီကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ပီအိုလီသည် အင်တာမီလန်အသင်းကို စတင်တာဝန်ယူချိန်က ပထမဆုံး ၁၃ ပွဲတွင် ၁၀ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။

ပြီးခဲ့သည့်ခြောက်လအတွင်း အင်တာမီလန်အသင်းအတွက် အစွမ်းရှိသလောက် အကောင်းဆုံးကြိုးစားပေးခဲ့သည့်အ တွက် ပီအိုလီကို ကျေးဇူးတင်ကြောင်း အင်တာမီလန်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly